BurmaJuly 28, 20111min25914
ယနေ့ သုဝဏ ကွင်းတွင် ကျင်းပခဲ့သော ကမ္ဘာဖလား  အာရှဇုန်အဆင့် ဒုတိယခြေစစ်ပွဲတွင် မြန်မာအသင်းနှင့် အိုမန်အသင်းတို့ ယှဉ်ပြိင်ရာတွင် ပထမပိုင်း 45 မကုန်မီတွင် အိုမန်အသင်းက 2 ဂိုးဖြင့် အနိုင်ရရှိနေခဲ့သည်။ အိုမန်အသင်း ဒုတိယဂိုးကို ပင်နယ်တီမှ ရရှိခဲ့ခြင်းဖြစ်ရာ မြန်မာအသင်းပရိတ်သတ် 3 သောင်းကျော်တို့သည် ပေါက်ကွဲပြီး ပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ကြသဖြင့် ပွဲမှာ ခေတ္တရပ်ထားခဲ့ရသည်။ ပထမပိုင်းပြီးကာ 7 မိနစ်အချိန်ပိုပေးခဲ့သော်လည်း ပွဲမှာ မဆက်နိုင်ပဲ အိုမန် ဂိုးသမားမှာ အိုမန် ဂိုးတိုင်ကိုပင် မကပ်ရဲခဲ့ပေ။ ထို့အပြင် မြန်မာပရိတ်သတ်ဘက်မှ ပစ်လိုက်သော ပစ္စည်းတစ်ခုမှာ အိုမန် အသင်းတာဝန်ရှိသူတစ်ဦးဆီသို့ အရန်ခုံတန်းအမိုးပေါက်ကာ မှန်သွားခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာမပြင်းထန်ကြောင်းသိရသည်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော် တောင်းပန်သော်လည်း မရပဲ ဦးဇော်ဇော်ကိုပါ ဖိနပ်တွေနဲ့ပစ်ပေါက်ကြကြောင်း ၊ […]