naungNovember 24, 20111min1003
Diamond Key ရဲ့ ပိုစ့်လေးကို ဖတ်မိပြီး ကျွန်တော်လည်း ပြောချင်တာလေး တစ်ခုရှိပါတယ်။ မန္တလေးရဲ့ လမ်းတွေ အကြောင်းပါ။ ကျွန်တော်က မြို့သစ်ဖက်မှာ နေတာဆိုတော့ မြို့သစ်ထဲမှာ တွေ့ရတာလေးပါ။ မြို့သစ်ရဲ့ မိန်းလမ်းမကြီး ဖြစ်တဲ့  မနော်ဟရီလမ်းကို မြို့တော်စည်ပင်ကနေ ပြန်ပြီး ပြုပြင်ပေးထားပါတယ်။ အရှေဘက်မှာ ၄၃လမ်းက ထင်ပါတယ်၊ အဲဒီကနေ အနောက်ဘက်ကို ၇၃လမ်း (အား/ကာသိပ္ပံကျောင်းရှိတဲ့လမ်း)အထိကို ပြင်ပေးထားတာပါ။ ဒီလပိုင်းမှာဘဲ ၅၈လမ်း နဲ့ ၅၉လမ်းကိုလည်း သိပ္ပံလမ်းနဲ့ မနော်ဟရီလမ်း ကြားမှာ ပြန်လည်း ပြင်ဆင်နေပါပြီ။ ၅၈လမ်းကတော့ အခု အသုံးပြုလို့ရနေပါပြီ။ လမ်းတွေပြင်ပေးထားလို့ သွားလာရတာလည်း အဆင်ပြေလာပါပြီ။ အဲဒီလိုပြင်ပေးတဲ့အတွက်လည်း မြို့သစ်လူထုကိုယ်စား ကျေးဇူးလည်း တင်ပါတယ်။ အဲဒီမှာ အဆင်မပြေတာက ရေနုတ်မြောင်းကိစ္စပါ။ လမ်းတွေကို ပြင်ဆင်ပေမယ့်လည်း […]