thit minAugust 19, 20111min2089
ကဲ… အောက်က မြန်မာနိုင်ငံမှာ ရှိတဲ့မြို့လေးတွေကို သိရင် ဖြေပေးကြပါ (၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့ (၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့ (၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့ (၄)လူကြီးမဖြစ်သေးတဲ့မြို့ (၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့ (၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့ (၇)ဆင်တွေကတဲ့မြို့ (၈)ဝိုးတိုးဝါးတားပဲရှိတဲ့မြို့ (၉)စိုုစိုပြည်ပြည်မရှိတဲ့မြို့ (၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့ (၁၁)ဖားကောက်ခိုင်းတဲ့မြို့ (၁၂)လေဘေးထည်မြို့ (၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့ (၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး…ဆိုတဲ့မြို့ (၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော… (၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့… အဲ့ဒီမြို့ (၁၇)အဲ့ဒီမြို့ကရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့