နောက်လမှာပြိုင်မယ့်ချစ်စရာ့အရွယ်ဆိုတဲ့ဒါ့ပုံပြိုင်ပွဲမှာဝင်ပြိုင်ချင်ပေမယ့်နောက်ဆယ်ရက်လောက်နေရင်ရွာထဲကနေပင်စင်ယူရမယ့်အခြေအနေတစ်ခုရှိနေတာကြောင့် ပြိုင်ပွဲမဝင်တော့ပဲ…….ကျွန်တော့်ရဲ့နှလုံးသားခံစားချက်များနဲ့ရိုက်ထားတဲ့ဒါ့ပုံတွေကိုတင်ပြပေးလိုက်ပါတယ်…. ကျွန်တော်ကဒါ့ပုံတစ်ပုံကိုပညာဆိုတာထက်……ကျွန်တော့်ရဲ့နှလုံးသားနဲ့ထပ်တူထပ်မျှဖြစ်နေတဲ့အချိန်မှာရိုက်ပါတယ်….. ပညာကောင်းကောင်းမတတ်တာလည်းပါတာပေါ့…ဒါပေမယ့်ကျွန်တော့်ရဲ့နှလုံးသားနဲ့အမျှမြတ်နိုးရတဲ့ဒါ့ပုံတွေမို့……ဘယ်သောအခါမျှယုံကြည်ချက်လျော့ခြင်းမရှိပါဘူး… အနုပညာဆိုတာဖန်တီးခြင်းသာဖြစ်ပါတယ်….ခံစားခြင်းသာဖြစ်ပါတယ်…..မျှဝေခြင်းသာဖြစ်ပါတယ်…အကျိုးအမြတ်ကိုမျှော်ကိုးပြီးလုပ်တဲ့အခါမှာ အနုပညာတစ်ခုဟာဘယ်သောအခါမှရသမမြောက်တော့ဘူးလို့လည်းခံယူထားပါတယ်…. မှားတာရှိလျှင်ခွင့်လွှတ်ကျပါကုန်….. အားလုံးသောစာဖတ်သူနဲ့…ရွာသူားအပေါင်းကိုခင်တဲ့လေးစားတဲ့….ရှမ်းပြည်သား(တောင်ပိုင်း)