ဒီနှစ်ဒီဇင်ဘာမှာ မန်းလေးကငယ်သူငယ်ချင်းတွေအတင်းခေါ်လို့ မန်းလေးကအလယ်တန်းကျောင်းဆရာဟောင်းကြီးများ ကန်တော့ပွဲကိုသွားဖြစ်ခဲ့ပါတယ်… ၅တန်း၊ ၆တန်း လောက်ကတည်းက အတူကျောင်းတက်ခဲ့ကြတဲ့ နှစ်ပေါင်း၄ဝကျော် မတွေ့ဖြစ်ကြတဲ့ ငယ်သူငယ်ချင်းများကို တွေ့ချင်တာလည်းပါပါတယ်။ ူငယ်ချင်းတွေပြန်တွေ့ကြတော့လည်း တစ်ယောက်ကိုတစ်ယောက် မနည်းကြည့်ပြီး ငယ်ရုပ်ဖမ်းယူရတယ်…ရီလည်းရီရပါရဲ့… ဒီကာတွန်းလေးထဲကအတိုင်းပေါ့   ယောက်ကျားလေးတွေကလည်းလူစုမိတာနဲ့ သောက်ထားကြပြီ…မိန်ကလေးတော်တော်များများကဝတုတ်တွေ…ခိခိ သူငယ်ချင်းတွေနဲ့စစ်ကိုင်းတောင်က ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်တို့လျောက်လည်ပြီး ကြုံရာဆိုင်မှာစားကြသောက်ကြပေါ့.. အပြန်ကျ ထုံးစံအတိုင်း ဦးပိန်ရောက်……ဦးပိန်မှာလည်းပိတ်ရက်မို့ လူအပြည့်…ဒါကြောင့်တံတားပေါ်တောင်မတက်ဖြစ်ပဲ လှေပဲပါတ်စီးပြီးဓါတ်သေရိုက်ခဲ့တယ်…တံတားတိုင်တွေအခြေအနေအတော်ဆိုးနေပြီဗျာ…..         နောက်နေ့မနက်ပိုင်းတော့ ကျောင်းတော်ကြီးမှာဆရာကန်တော့ပွဲပေါ့…ကျုပ်တို့နေခဲ့တုန်းကတော့ တပ်တွင်းတွဲဖက်အလကပေါ့ ခုတော့ အထကကျောင်းကြီးဖြစ်နေပါပြီ….ကျုပ်ဆိုတဲ့ကောင်ကလည်းတလွဲ..အောက်ပုံမှာပါတဲ့ဆရာတွေကြိုတဲ့အပေါက်ကဝင်ချသွားတာ အကန်တော့ခံလာတဲ့ဆရာမှတ်ပြီး ရင်ဘတ်တံဆိတ်အတင်းတတ်ပေးကြသဗျ…ကျုပ်လည်းအဲ့တံဆိတ်ကြီးနဲ့လျောက်သွားနေတာပေါ့ သူငယ်ချင်းတွေနဲ့တွေ့မှ အဖြစ်မှန်သိပြီးရီလိုက်ကြရတာ….. တံဆိတ်ဝိုင်းကမန်းကတန်းဖြုတ်ပစ်ရတယ်…မဟုတ်ရင်စင်ပေါ်ကြွပါလုပ်နေမှ အခက်… ငယ်ဆရာတစ်ယောက်က ဆို ကျုပ်ကိုခွေးမသား..ခုထိသောက်တလွဲလုပ်တုန်းဆိုပြီးပြုံးပြုံးကြီးပြောတော့ သူငယ်ချင်းတွေပွဲကျသွားပြန်ရော….         […]


ဘာရယ်ဟုတ်ပါဘူး…ခုတလောဓါတ်သေလေးတွေတင်နေကြတာရယ်.. တနေ့ကတော့ ဓါတ်ဖမ်းသမားကြီးကိုပေါက်က သူ့တောင်သမန်ပုံတစ်ပုံမှာ 25-12-2012 ကိုကြီးမိုက်နဲ့တွေ့ပြီးအပြန် ရိုက်ဖြစ်တယ်လို့ စာတန်းထိုးသွားတော့ မန်းလေးခရီးစဉ်ကိုပြန်သတိရသွားတယ်…အဲ့အခေါက်က အေးအေးဆေးဆေးလည်မယ်ဆိုပြီး မိသားစုလေးယောက်သွားခဲ့ကြတာ…ပြင်ဦးလွင်တောင်မရောက်လိုက်…အဖေ အသဲအသန်ဆေးရုံမှာ ဆိုတာနဲ့ ကမန်းကတန်းရန်ကုန်ပြန်ပြေးခဲ့ရတယ်….တကယ့်ကိုအမှတ်တရ ဖြစ်ခဲ့ရပါတယ် ( ၂၀၁၃ ဇန္နဝါရီ ၆ရက်မှာအဖေဆုံးပါတယ်..) ဒါနဲ့ပဲ ပုံဟောင်းလေးတွေအမှတ်တရ မန်းတလေးဆိုပြီးပြန်တင်လိုက်တာပါ အားပေးကြပါအုံးနော်… ခင်မင်ရင်းနှီးစွာဖြင့် ကြီးမိုက်။ ၆၊ ၆၊ ၂၀၁၅  


ပြောတောင်မပြောချင်ပါဘူးဗျာ… ဒါပေမဲ့လည်း ပြောပြပါရစေအုံး…  :p: ကျုပ်မှာအကျင့်တစ်ခုရှိသဗျ..အဲ့တာကတော့ နေ့စဉ်အလုပ်ကပြန်ရောက်တာနဲ့ အဝတ်အစားလဲ၊ ခဏတဖြုတ်ထိုင်နားပြီး လမ်းထိပ်ထွက် လဘက်ရည်ဆိုင်ထိုင်ပြီး မိတ်ဆွေတွေနဲ့လေပစ်လေ့ရှိတာပဲဗျ ပီးခဲ့တဲ့ စနေနေ့ကလည်း အလုပ်ကပြန်လာပြီး ထုံးစံအတိုင်း လမ်းထိပ်လက်ဘက်ရည်ဆိုင်ထွက်ခဲ့လိုက်တယ်.. အချိန်ကညနေလေးနာရီခွဲလောက်…လဘက်ရည်ဆိုင်မှာဘော်ဒါတွေနဲ့ လေကန်နေရင်း ၆ နာရီဝန်းကျင်လောက်မှာ ကိုဘလက်ဆီကဖုန်းဝင်လာတယ်…ထုံးစံအတိုင်းမတွေ့တာကြာလို့ ဆိုင်တစ်ဆိုင်ထိုင်ကြမယ်ပေါ့..ကိုအမတ်မင်းလည်းပါမတဲ့…ကျုပ်လည်း၆ခွဲလောက်အရောက်လာခဲ့မယ် ပြောပြီး လမ်းထိပ်ကဘော်ဘော်တွေနှုတ်ဆက်ပြီး လမ်းလျှောက်ပြီးအိမ်ပြန်ခဲ့တယ်… အိမ်ရောက်တော့..အဝတ်အစားလဲ..ပိုက်ဆံအိတ် ကလေးကိုင်ပြီး ထားနေကျ ဘုရားစင်ထောင့်က ကားသော့ယူဖို့ကြည့်တော့ ကားသော့ကမရှိ..မဒမ်မိုက်ကိုမေးတော့ သူလည်းကျုပ်ရုံးကပြန်လာတော့ အဲ့နေရာကားသော့ထားလိုက်တာမြင်ပါသတဲ့…ကျုပ်လည်းထိတ်ကနဲဖြစ်သွားပြီး ကမန်းကတန်း အိမ်ပြင်ထွက်၊ ကားရပ်ထားတဲ့နေရာသွားပြေးကြည့်တော့ ကားကမရှိ… အဲ့မှာတင်ငယ်ထိပ်မြွေပေါက်ခံရသလို ပူထူပြီးပျာယာခပ်တော့တာပဲ…  :b: တစ်အိမ်လုံးလည်းအုံးအုံးကျွက်ကျွက်တွေဖြစ်…ဘယ့်နယ်ညနေကြောင်တောင်ကြီးကားပျောက်ရတယ်လို့.. အိမ်ထဲဝင်ပြီးသော့ပါယူသွားတာဆိုတော့..တော်တော်စဉ်းစားရကြပ်ကုန်တယ်… ကျုပ်တို့အိမ်ကလည်း နေ့ဖက်ဆို ဈေးဆိုင်နဲ့အိမ် ကူးချည်သန်းချည်ဆိုတော့ အိမ်ရှေ့တံခါးမကြီးက လော့ချသော့ခတ်လေ့မရှိဘူးဗျ…အဲ့နေ့ကတော့ အိမ်မှာ မဒမ်မိုက်ပါရှိနေတာ…ဒါပေမဲ့သူက ကျုပ်လမ်းထိပ်သွားတော့ အဲကွန်းဖွင့်ပြီး အိပ်ခန်းထဲနှပ်နေတာ… ကျုပ်တို့နေတာကလည်းအိမ်ရာဝင်းလည်းဖြစ်၊ အင်းစိန်လမ်းနဲ့ […]


ခုတလော ရွာထဲမှာရော…မန်းဂဇက်ရွာသူားများ ဂရု ဖေ့ဘုတ်မှာပါ ရွာသူရွာသားများ တွေ့ဆုံပျော်ရွှင်နေကြတဲ့ ပုံလေးများကို တွေ့နေရတဲ့အပြင် ပုံအောက်မှာ အပြန်အလှန် ကွန်မန့်တွေနဲ့ ပြောကြဆိုကြ ၊ စကြ နောက်ကြ တာတွေဖတ်ပြီးကြည်နူးပီတိဖြစ်နေမိပါတယ်…ရိုက်ထားကြတဲ့ပုံတွေကလည်း ညီအကို မောင်နှ၊ တူဝရီး အရင်းအချာများလို နွေးနွေးထွေးထွေးရှိနေကြတာ သတိမပြုပဲမနေနိုင်အောင်ပါပဲ…ကျုပ်ကတော့ ဓါတ်ပုံတင်မက အပြင်မှာပါဆုံတွေ့ကြတဲ့အထဲ အမြဲလိုလိုပါနေတော့ လက်တွေ့မှာလည်း ရွာသူားတွေအချင်းချင်း တရင်းတနှီးရှိလွန်းတာကို တွေ့ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရုံမက ခံစားရပါတယ်….. တဆက်တည်းတွေးမိတာက…ကျုပ်တို့တတွေဟာ တစ်ရပ်တစ်နယ်စီမှာနေကြပြီး တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူး မမြင်ဖူးခင်ကပင် အွန်လိုင်းပေါ် စာရေး အပြန်အလှန်ကွန်မန့်ပေးကြရင်းနဲ့တင်…ဆွေမျိုးရင်းချာတွေလို ခင်မင်ရင်းနှီးကုန်ကြတာ အံ့ဩနေမိပါတယ်…ရွာသူရွာသားတွေဟာ…ပညာ၊ အလုပ်အကိုင်၊ အတွေ့အကြုံ နေရပ်ဋ္ဌာနေ၊ ဆင်းရဲချမ်းသာ၊ အသက်အရွယ်တွေ မတူကြသော်လည်း အပြင်မှာဆုံတွေ့ကြတော့ မတူတာတွေအားလုံးမေ့ပြီး….ဂဇက်ရွာသူရွာသား ဆိုတဲ့တူညီမှုလေးတစ်ခုနဲ့တင် ချစ်ခင်ရင်းနှီးနေကြတာ အိမ်က မိသားစုဝင်တွေကတောင် အံ့ဩယူကြရပါတယ်… တစ်နေ့ကလည်း […]


၈-ပုဒ်မြောက် တောက်တယ်ကျင်း အမြင့်မြတ်ဆုံးသော ကောင်းမွန်မှုကား ရေနှင့်တူလှ၏ ။ အရာရာတိုင်း၏ကောင်းကျိုးကိုသာဆောင်လျှက် လူအပေါင်းတို့ မထီမဲ့မြင်ပြုသော နေရာများသို့ မညည်းမငြူ သွား၏ ။ သို့ရာတွင်…သူသာလျှင် ကျင့်စဉ်တော်နှင့် အနီးစပ်ဆုံး သဘာဝရှိချေမည် ။   အိမ်၏ကောင်းမွန်မှုသည် မြေ၌တည်သည် ။ စိတ်၏ကောင်းမွန်မှုသည် နက်ရှိုင်းတည်ငြိမ်မှု၌တည်သည် ။ အချစ်၏ကောင်းမွန်မှုသည် အကျွမ်းဝင်ခြင်း၌တည်သည် ။ စကား၏ကောင်းမွန်မှုသည် မှန်ကန်သောသစ္စာတရား၌တည်သည် ။ အစိုးရခြင်း၏ကောင်းမွန်မှုသည် တရားဥပဒေစိုးမိုးမှု၌တည်သည် ။ လုပ်ငန်း၏ကောင်းမွန်မှုသည် ကျွမ်းကျင်ခြင်းစွမ်းရည်၌တည်သည် ။ ပြုမူချက်တစ်ရပ်၏ကောင်းမွန်မှုသည် အချိန်အခါ ဆီလျှော်မှု၌တည်သည် ။ ထို့အတူပင် ကျင့်စဉ်တော်၏ ကောင်းမွန်မှုသည် ပန်းတိုင်ဖြစ်သော ငြိမ်းချမ်းခြင်း၌တည်သည် ။ ကျင့်စဉ်တော်လမ်းအတိုင်းလိုက်သူသည် မည်သည့်အခါမှ ပန်းတိုင်မှမသွေဖည်ချေ ။ ( ဆရာသက်လုံ ၏ စေ့ထားသောတံခါးများစာအုပ်မှ) […]


ဒီနေ့ဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့…၂၀၁၄ နှစ်ဟောင်းရဲ့ နောက်ဆုံးနေ့… ဘယ်မှလည်းသွားချင်စိတ်မရှိ…သူငယ်ချင်းအချို့ နှစ်သစ်ကူးပွဲဖိတ်ကြတာလည်း အကြောင်းအမျိုးမျိုးပြပြီးငြင်းပစ်ခဲ့တယ်…. အိမ်က မိသားစုတွေကတော့ အမျိုးတစ်ယောက်အိမ်က နှစ်ကူးအကြို စားပွဲသောက်ပွဲဖိတ်လို့ သွားကြလေရဲ့…ကျုပ်ကတော့ စိတ်မပါလို့ မလိုက်သွားခဲ့ပါဘူး…. တစ်ယောက်ထဲအိမ်မှာ ငေါင်တောင်တောင်ထိုင်နေရင်း…ကိုယ်ဖြတ်သန်းခဲ့ရတဲ့ တကယ့်လက်တွေ့ဘဝ နောက်ကြောင်းကို..ဖြေးဖြေး ရေးရေး ပြန်တွေးကြည့်နေမိပါတယ်.. တွေးနေရင်း ပထမဆုံးသတိရမိတာက…. အော်…ဘာလိုလိုနဲ့ ကျုပ်ရဲ့မွေးသဖခင် ကျေးဇူးရှင် ကျုပ်တို့ကို စိတ်ချလက်ချထားသွားခဲ့တာ ၂ နှစ်တင်းတင်း ပြည့်တော့မှာပါလား…..အဖေအပင်ပမ်းအဆင်းရဲခံပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျုပ်တို့တတွေရော…သူဖြစ်စေချင်သလိုဖြစ်နေပါပြီလား…………. လူတစ်ယောက်နဲ့တစ်ယောက် ဘဝဖြတ်သန်းခဲ့ရပုံ ဘဝအတွေ့အကြုံ ဘယ်လိုမှမတူနိုင်ပါဘူး………. အဓိကကတော့ ဘယ်သူမဆို ကိုယ့်မိဘကို ကိုယ်ရွေးချယ်ပိုင်ခွင့် မရှိခဲ့ကြပါဘူးလေ…ဒါကို တချို့ ကလည်း အတိတ်ကံလို့ပြောကြသပေါ့ ဘယ်လိုပဲပြောပြောပါလေ…ပြောခဲ့သလိုပဲ..“ ကိုယ့်မိဘကို ကိုယ်ရွေးချယ်ပိုင်ခွင့် မရှိခဲ့ကြပါဘူး”….. ဆိုတော့…ဒီနေရာမှာ ဘယ်လိုမှ အားနာစရာ ငဲ့ညှာထောက်ထားစရာ […]


ရုံးပိတ်ရက်တစ်မနက် အိမ်မှာထိုင်နေတုန်း အပြင်ကယောက်ကျား အသံတစ်ခုကြားလိုက်ရတယ် “ဆရာတော်ဘုရားကြီး မျက်စေ့ခွဲစိတ်ကုသရန်အတွက်အလှူခံပါတယ်ခင်ဗျား”….. ကျုပ်ပြူတင်းပေါက်ကနေကြည့်လိုက်တော့ အသက်၇ဝ လောက်ဘုန်းကြီးတစ်ပါး လက်မှာတောင်ဝှေးတစ်ချောင်းကိုင်လို့…သူ့လက်မောင်းတစ်ဘက်စီမှာတွဲလျှောက်နေတာက အသက်သုံးဆယ်ဝန်းကျင် သန်သန်မာမာလူနှစ်ယောက်…. ကျုပ်ကြည့်နေတုန်းမှာပဲ လူတချို့ ၅၀၀၊ ၁၀၀ဝ စသဖြင့်လှူနေကြတာတွေ့ရတယ်… ကျုပ်ကတော့လှူဖို့ စိတ်ကူးပေါ်မလာပဲ စဉ်းစားနေမိတယ်…လွန်ခဲ့တဲ့ ၃လလောက်က မြေနီကုန်းဖက်ကိုသွားတော့..တစ်ခါတွေ့ခဲ့ဖူးတာလည်း ဒီဘုန်းကြီးပါပဲ…ဘေးကလူနှစ်ယောက်ကိုတော့ သိပ်မမှတ်မိချင်…ဒီမှာစဉ်းစားမိတာက ဒီလိုလှည့်ပါတ်အလှူခံနေတာကြာလှပီ..ခုထိဆေးဖိုးမပြည့်သေးဘူးလား.. တကယ်ကုသဖို့လိုရင်ကော ဇိဝိတဒါနသံဃာ့ဆေးရုံကို ဘာလို့မသွားသလည်း…စသဖြင့် တွေးရင်းကြည့်နေစဉ်မှာပဲ ခဏတာအချိန်လေးအတွင်းမှာတင် လမ်းသွားလမ်းလာနဲ့ အပေါ်ထပ်အောက်ထပ်တွေက လှူကြတာ..သုံးလေးထောင်လောက်ရှိလိမ့်မယ်… အံ့ဩစရာ ကုသိုလ်လောဘကြီးသူ မြန်မာများပါတကား… ကျုပ်ကတော့ သေသေချာချာရိပ်မိတယ်…ဒါသင်္ဃန်းခြုံပြီး လိမ်တောင်းနေတယ်ဆိုတာ… တကယ်ဆို ရဝတ လုပ်သူတွေက ရပ်ကွက်ထဲ ဝင်လာတဲ့အလှူခံတွေကိုစိစစ် သင့်တယ်ထင်မိတယ်  :I: ……………………………………… အရင်တစ်ခါလည်းကြုံဖူးသေးတယ်…လဘက်ရည်ဆိုင်ထိုင်နေတုန်း သားအမိနှစ်ယောက် “ရန်ကုန်ကိုဆေးလာကုရင်း လမ်းစရိတ်ပြတ်သွားလို့ …ငွေငါးရာလောက် ကူညီပါရှင်”..တဲ့ ဒါတွေလည်းအတူတူပါပဲ…မကြာခဏတွေ့ရတတ်တဲ့ လိမ်တောင်းနည်းတစ်မျိုးပါပဲ…  […]


ကျုပ်ငယ်ငယ်ကတည်းက အဖေစစ်သားကြီးပြောင်းရွေ့ရာလိုက်ပါကြီးပြင်းခဲ့ရတာပေါ့ဗျာ ကျုပ်ကိုမွေးတာက ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာနားမှာအခြေစိုက်တဲ့… ခြေလျှင်တပ်ရင်းတစ်ခုထဲက တပ်တွင်းသားဖွားခန်းမှာပါ… ကျုပ်လူမှန်းသိတတ်စအရွယ်မှာ အဖေက တပ်ကြပ်ကြီး လစာဘယ်လောက်ရတယ်တော့မသိပေမဲ့..အဖေ့လစာရယ် တပ်ကထောက်ပံ့တဲ့ရိက္ခာ ရယ်ပေါင်းလိုက်တော့…ကျုပ်တို့အိမ်မှာတော့ သိပ်မချို့တဲ့လှပါဘူး.. ထမင်းအနပ်တိုင်း အသားဟင်းတစ်ခွက်ပါတာကျုပ်မှတ်မိနေသေးတယ်… အိမ်နောက်၊ အိမ်ဘေးက ကွက်လပ်တိုင်းမှာ သီးပင်စားပင်လည်းအဖေကစိုက်တော့…သိပ်ဝယ်မစားရဘူးဗျ.. အိမ်မှာ ကြက်သားဟင်းကတော့ တစ်လ တစ်ခါလောက်စားရပါတယ် အဲ့ဒါလည်းအိမ်မှာမွေးထားတာတွေပဲ….ကြက်တွေရော..ဘဲငန်းတွေရော..ဝယ်စရာမလို… ကျုပ်လေ..ခုထိမှတ်မိသေးတယ်..အိမ်မှာများ ကြက်သားဟင်းချက်တဲ့နေ့ဆို ဟင်းအိုးဆူပြီး အနံ့သင်းသင်းလေးစထွက်လာကတဲက ကျုပ်အိမ်အောက်မှာကစားနေရာက ချက်ချင်းပြေးတက်လာပြီး ဟင်းချက်နေတဲ့အမေ့နားကမခွာတော့ဘူး… ပြီးတော့ အမေ့ကို ဟင်းဘယ်အချိန်ကျက်မှာလဲလို့တတွတ်တွတ်မေးနေတော့တာပဲ.. အမေကလည်း ကျုပ်ခေါင်းကိုပွတ်ပြီး…သားရယ် အသားဆိုတာနူးမှစားကောင်းတာခဏစောင့်နော် ဆိုပြီးနှစ်သိမ့်လေ့ရှိပါတယ်…ကျုပ်ကလည်း အမေ..နူးမနူးမြည်းရအောင်လေဆိုလိုက်ရင် အမေက အိုးထဲက အရိုးတစ်ဖတ် အသာခပ်ပြီး ဇလုံလေးတစ်ခုမှာထည့်ပေး…ပြီးတော့ သား အဲ့အရိုးလေးကိုက်ကြည့်..နူးရင်အမေတို့ထမင်းစားလို့ရပြီသား..တဲ့ ကျုပ်ဆိုတဲ့အငတ်ကောင်ကလည်း အမေထည့်ပေးတဲ့အရိုးကို အငမ်းမရကိုက် ပူကလဲပူ..ကိုက်လို့လည်းမရ…ဆိုတော့မှ အမေက ရယ်ပြီး..သားရယ်..သွားဆော့နေပါ..တော်နေကြာရတော့..အမေလှမ်းခေါ်လိုက်ပါ့မယ်တဲ့ ……..ဒါကတော့ […]


……………………………………………. ကျုပ်ဒီနေ့မနက် အလုပ်လုပ်ရတာ အဆင်ကိုမပြေပါဘူး အင်မတန်စိတ်ရှည်တယ်၊ ဒေါသထွက်ခဲတယ်လို့ အများချီးကျူးခံရတဲ့ကျုပ် ဒီနေ့တော့ ဘာကိစ္စဖြစ်ဖြစ်ဒေါသထွက်စရာတွေပဲမြင်နေမိတယ် ဒါနဲ့ပဲ…ရုံးထဲကထွက်ခဲ့ပြီး ကန်တီးဖက်ကိုတစ်ယောက်ထဲလျှောက်လာခဲ့တယ်… ကန်တီးမှာဆေးလိပ်တစ်လိပ်ထုတ်ဖွာရင်း…ရန်ကုန်အိမ်မှာဖျားနေတဲ့ သမီးဆီစိတ်ကရောက်သွားတယ် …သမီးဖျားနေတာနှစ်ရက်ရှိပြီ… မနက်ကဖုန်းသတင်းရတဲ့အထိ ရှင်းရှင်းမပျောက်သေးဘူးလို့ မိန်းမကပြောတယ်..ကျုပ်တော်တော်စိတ်ပူတယ်… မတော်ခုတလောအဖြစ်များနေတဲ့….သွေးလွန်တုတ်ကွေးဆိုမှဖြင့်….. ကျုပ်ရုံးဖက်ပြန်ခဲ့ပြီး ချက်ချင်းမိန်မကိုဖုန်းခေါ်လိုက်တယ်…ပြီးတော့ သမီးကို ခုပဲ ကလေးဆေးရုံကြီးကို သွားပြဖို့ပြောတော့…အပြင်ဆေးခန်းလည်းပြနေတာပဲ..ဆေးတွေလည်းရှိတယ်..ကောင်းသွားမှာပါ ယောက်ကျားရယ်..သိပ်စိတ်မပူပါနဲ့တဲ့……အေးလေ..ငါစိတ်ပူလွန်းနေတာပါ လို့တွေးပြီး အလုပ်ထဲအာရုံပြန်စိုက်လိုက်တယ်…ဒါပေမဲ့ ညနေဖက်ကျတော့ ကျုပ်မနေနိုင်ပြန်ဘူး.. ဒါနဲ့ပဲ စိတ်အေးရအောင် ဘော့စ်ကိုခွင့်တစ်ရက်တိုင်ပြီး ကျုပ်ရန်ကုန်ကိုပြန်ခဲ့တယ်… အိမ်ရောက်တော့ သမီးတင်မဟုတ် သားကပါ ကိုယ်ပူနေပြီ…သူ့အမနဲ့အတူအိပ်တာဆိုတော့ ကူးတာနေမှာပေါ့ ကျုပ်သမီလေးက ကိုယ်ငွေ့ငွေ့လေးပူနေတယ်… မျက်နှာလေးလည်းညှိုးလို့…အိပ်ယာထဲမှာလှဲပြီးမှိန်းနေတယ်… ဘာမှလည်းကျွေးမရ…အိုဗာတင်းလေးနဲနဲဝင်အောင်မနည်းချော့တိုက်ရတယ်…. ကျုပ်သိပ်အားမရလှဘူး…ဒါနဲ့ မနက်မိုးလင်းတာနဲ့ မိန်းမကို အဝတ်အစားနဲ့လိုမယ်ထင်တာလေးတွေစုခိုင်းပြီး ကလေးဆေးရုံကြီးကိုထွက်ခဲ့ပါတယ်…. ကလေးဆေးရုံကြီးမှာလည်း ကျုပ်တို့လိုစိုးရိမ်တဲ့မျက်နှာတွေနဲ့ ကလေးလာပြသူတွေမနည်းဘူးပဲ…အလှည့်ကျအောင်တန်းစီစောင့်ရင်းနဲ့ ကိုယ့်အလှည့်ရောက်လို့ သမီးနဲ့ သားကိုဆရာဝန်တွေ ကသေချာစစ်ဆေးနေပါတယ်..မြင်ရသလောက်တော့ ကလေးဆေးရုံကြီးကဆရာဝန်တွေ […]


မြန်တျန့်ဂဇက် ရွာသူရွာသားအပေါင်း မင်္ဂလာဆောင်ကြပါ…အဲ..အဲ..မင်္ဂလာပါဗျာ…. အခုတလောရွာထဲ လည်းရောက်တစ်ချက်ပျောက်တစ်ချက်နဲ့…စာတွေလည်းဖတ်ဖြစ်ပါရဲ့.. ကွန်မန့်တော့ ပေးဖြစ်တဲ့အခါလည်းရှိရဲ့ မပေးဖြစ်ပဲ ဖတ်ရုံဖတ်သွားခဲ့တာလည်းရှိရဲ့.. ရင်းနှီးခင်မင်သူတွေရော..လူသစ်တွေကိုပါ ကွန်မန့်တွေပေးဖို့… ကိုယ့်အကြောင်းနဲ့ကိုယ်ပျက်ကွက်နေမိခဲ့ပါတယ်…ဒီအတွက်ကြီးမိုက်စိတ်မကောင်းပါဘူး… ကြီးမိုက်အနေနဲ့က အင်တာနက်ကိုရုံးရောက်မှ သုံးဖြစ်တာပါ… ရုံးဆိုတော့လည်းထုံးစံအတိုင်း နိစ္စဓူဝ ရုံးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ကြားကမှ…လှစ်ကနဲ..လှစ်ကနဲ ..ရွာထဲဝင် စာဖတ်ရတာဗျ..ဆိုတော့..မလွယ်ဘူးပေါ့ဗျာ.. `ဒါဆိုရင် ကြီးမိုက်ကိုယ်ပိုင်အချိန်တွေမှာကျတော့ ဘာလုပ်နေသလဲ??? ´ မေးတော့လည်းဖြေရတာပေါ့ဗျာ… မနက် ၄း၃ဝနာရီ… ကြီးမိုက်အိပ်ရာကထပါတယ်။ ၄း၄၅ မှာ မဒမ်မိုက်နဲ့ သူ့ညီမ ဒေါ်ဝတုတ်ကိုနှိုးပီး လမ်းဘေးဆိုင်ဖွင့်ဖို့ဝိုင်းလုပ်ကြပါတယ်။ ၅နာရီခွဲလောက် အိမ်ဖက်ပြန်လာ.. ရေနွေးတည်..သားတော်အတွက် ဘရိပ်ဖတ်စ်ပြင်..ကိုယ်တိုင်အတွက်လည်း..ကော်ဖီတစ်ခွက်ဖျော်…. ကော်ဖီလေးသောက်ရင်း လက်စွဲတော်ရေဒီယိုလေးဖွင့်…BBC, VOA (စစ်အစိုးရအဆို..မိုးလုံးပြည့်မုသာဝါဒများ) ကိုနားထောင်ရင်း…. သားနိုးပီဆိုပြန်တော့ လုပ်ပေးထားတဲ့ ဘရိပ်ဖတ်စ်ကို စားဖြစ်အောင် ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ မိုးမလင်းခင် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ငေါက်ပီးကျွှေးရသေးဗျား.. ကျုပ်တို့ငယ်ငယ်ကနဲ့များကွာပါ့..ကျုပ်တို့ငယ်ငယ်က မနက်အိပ်ရာထတာနဲ့ […]


ကျုပ်လည်း ဂဇက်မှာစာမရေးဖြစ်တာကြာပါပြီ….ရေးစရာအကြောင်းလည်းရှာမရ…. အဲ..ဒီလိုနေတုန်း သမီးအောင်စါရင်းထွက်တော့….ရီဇတ်ကိုသိသွားတဲ့ မိတ်ဆွေတွေထဲကတစ်ဦးဖြစ်တဲ့… အရီးမုတ်ဆိတ် ဆိုသူက…. လူဆိုး၊ လူမိုက်ကြီး ရဲ့ သမီးလေး ဖတ်ဖို့ – Ask me why 🙂 လူဆိုး၊ လူမိုက်ကြီး ရဲ့ သမီးလေး ဖတ်ဖို့ – Ask me why 🙂 – အရီးခင် ဆိုပြီး သမီးကို ဂုဏ်ပြုခဲ့ပါတယ်…. အဲဒီပို့စ်မှာ မဝင့်ပြုံးမြင့်က…. ဝင့်ပြုံးမြင့် says: ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။ ဆိုပြီးမန့်ခဲ့ပါတယ်…. ကျုပ်ကလည်း…. kyeemite says: ကွန်မန့်လေးတွေနဲ့ အားပေးချီးကျူ းကြသူအားလုံးကိုကျေးဇူးပါဗျာ…. ဝင့်ပြုံးမြင့် says: ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။ […]


ပီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်အစောကြီး အိပ်ရာကနိုးတော့ ဘုရားစင်ကိုလှမ်းကြည့်မိရင်း စိတ်ထဲ မှတ်မှတ်ရရ ဦးပဇင်းကြီးကို သတိရမိတယ်…ထူးဆန်းလိုက်တာ…မေ့နေမိတာကြာပြီ… ဦးပဇင်းကြီးဆိုတာက…မှော်ဘီ ညောင်နှစ်ပင်ကျေးရွာ နောက်ထဲက လယ်ကွင်းပြင်ထဲ တစ်ပါးထဲသီတင်းသုံးနေတဲ့ ဦးပဇင်းဦးပါမောက္ခ ပါ…..ထူးထူးခြားခြား သတိတရရှိတာနဲ့ သားငယ်ကိုနှိုးပြီး ဦးဇင်းကို သွားဖူးတွေ့ဖို့ စီစဉ်ပါတော့တယ်…မတွေ့တာလည်း … အင်း…သုံးလေးနှစ်လောက်ရှိနေပြီ….ရှိရောရှိသေးရဲ့လား..ဆိုတဲ့ စိတ်လှုပ်ရှား းမှုနဲ့အတူ မနက် ရ နာရီလောက်မှာ သားနဲ့နှစ်ယောက် ညောင်နှစ်ပင်ကိုထွက်ခဲ့ပါတော့တယ်…. ကြိုတင်အစီအစဉ်မရှိတော့ ဦဇင်းကိုကပ်စရာ ဘာမှလည်းမရှိပါဘူး…ဒါနဲ့ပဲ… ထောက်ကြံ့ရောက်မှ လမ်းဘေးခဏရပ်ပြီး မုန့်ပုံးနဲ့ သစ်သီးသစ်နှံလေးတွေဝယ်ပြီး ဆက်ထွက်ခဲ့ပါတယ်… .ထောက်ကြံ့ တိုးဂိတ်လွန်လို့ ရန်ကုန်မန္တလေး အမြန်လမ်းကူး မရောက်ခင် လမ်းဘယ်ဖက် ညောင်နှစ်ပင်သို့ဆိုတဲ့ လမ်းခွဲထဲ ချိုးကွေ့ဝင်ခဲ့ပါတယ်… ဒီလမ်းကို ကျုပ်အကြိမ်ကြိမ် သွားနေကျပါ…သုံးလေးနှစ်အတွင်း လမ်းက ပြုပြင်သူမဲ့ လို့ အတော်ပျက်စီးလို့နေပါတယ်…ဟိုးတုန်းက ညောင်နှစ်ပင်စခန်းမှာ […]


တနေ့က အာတီဒုံရဲ့ ဖွဘုတ်တော်ကြီးမှာ ရှယ်တဲ့ ဒေါက်တာဖေသက်ထွန်း ပို့စ်လေးမှာ မြန်မာနိုင်ငံသားတွေ စွဲနေတဲ့ စရိုက်တစ်ခုကို သတိပြုမိတယ်ဗျ… အဲ့ ဒါကတော့..အိမ်တွေ၊ ရုံးတွေ၊ ဘတ်စ်ကားပေါ်တွေ၊ လမ်းဘေးဝဲယာ မှာ ဆောင်ပုဒ် တွေချိတ်ဆွဲထားလေ့ရှိတဲ့ စရိုက်ပါပဲ… လိုက်နာတာ မလိုက်နာတာကတော့တစ် ပိုင်းပေါ့ဗျာ… ဒါကြောင့်ပဲထင်ရဲ့…ရန်ကုန်မြို့လယ်ကိုလမ်းလျှောက်ထွက်ဖြစ်ရင်..လမ်းဘေးပလက်ဖေါင်း ပေါ်မှာ လူတွေအကြိုက် အိမ်တွေ ရုံးတွေ ဘတ်စ် ကားတွေမှာကပ်လေ့ရှိတဲ့ ဆောင်ပုဒ်တွေကို လှပအောင်နည်းမျိုးစုံနဲ့ ပုံနှိပ်ပီး ရောင်းချနေတာတွေ့ရပါရဲ့…. စီးပွားရေးဈေးကွက်ကြီးတစ်ခုကိုဖြစ်လို့….. အဲ့ဒီဆောင်ပုဒ်တွေထဲမှာ…တချို့က `အကြွေး ဖြင့်အားပေးခြင်း သည်းခံပါ´ `အကြွေးမရောင်းပါ´ ဆိုရင်လုံလောက်ပြည့်စုံ နေရက်နဲ့…. `ယနေ့အကြွေး မရောင်းပါ´တဲ့ ..(အရင်နေ့တွေကပဲရောင်း သလိုလို..မနက်ဖန်ပဲ အကြွေးရောင်းမလိုလို…ခိခိ `လူသာလာပါ ပြဿနာ ခေါ်မလာပါနဲ့´… `ငါသေဖို့ တစ်ရက်နီးလာပြီ`… (တရားသဘောလေးနော်..ကပ်ထားသူက နေ့စဉ်ကြည့်မိရဲ့လာတောင်မသိ..ခိခိ) တော်တော်ဆိုးတဲ့ ဆောင်ပုဒ်မျိုး […]