fattyOctober 1, 20101min1208
title ကို english လိုရိုက်ပါဆိုလို့သာ …သိပ်တော့အရသာမတွေ့ဘူးဗျ။ ..ထားပါလေ ။ အဆက်ပေါ့ …. ဦးခင်မောင်ညိန်း က အဲဒီတုန်းက လက်ထောက်ညွှန်မှုးဖြစ်နေပြီ။ သတင်းအယ်ဒီတာလဲဟုတ်ကဲ့ … မြန်မာ့ရုပ်မြင်သံကြားမှာ စနေ တနင်္ဂနွေဆို နေ့ခင်းပိုင်းသတင်းဖတ်ရတာကိုး … တရက်ပေါ့ နေ့ခင်းသတင်းဖတ်ရမဲ့နေ့ ကိုညိန်းဖတ်ရမယ့်နေ့ကိုး … သူကသတင်းအယ်ဒီတာဆိုတော့ သတင်းတွေက သူ့ဆီအရင်ရောက်တယ်ဗျ အဲ သတင်းတွေလဲရောက်လာရော သူ့မျက်နှာက သိပ်မသာယာဘူး .. သူ့တာဝန်က ရောက်လာတဲ့သတင်းတွေကို တည်းဖြတ်ရတယ်။ သူက အရေးကြိးပုဂ္ဂိုလ် vip လဲဖြစ်တယ်လေ ။ ရုံးကိုသူ့ ဘောက်စ်ဝက်ဂွန်ကားလေးနဲ့ လာလေ့ရှိတယ်။ အဲဒီနေ့က မှတ်မှတ်ရရဘဲဗျ သူသတင်းတွေကြည့်ပြီး မျက်နှာကသိပ်မကြည်ဘူး အဲဒီတုံးက ကျနော်တို့ကအရာရှိပေါက်စလေးတွေပါ။ သူ့လဲမမေးရဲဘူးလေ။ မေးလို့လဲမကောင်းဘူး သတင်းဆိုတာ မပေါက်ကြားရဘူးလေ။ ဒါပေမဲ့ ကျနော်တို့က […]


fattyOctober 1, 20101min16810
ဟိုတုန်းကပါ … ည ၈နာရီဆိုရင် မြန်မာ့ရုပ်မြင်သံကြားက သတင်းလာပြီမို့လား …. သတင်းဖတ်တဲ့အခန်းထဲကို သတင်းဖတ်မဲ့သူနှစ်ယောက်ရယ် ကင်မရာမင်းနှစ်ယောက်ရယ် စတိတ်မန်နေဂျာတယောက်ရယ်ဘဲ ဝင်ရပါတယ်။ သတင်းစဖတ်ပြီဆိုရင် ဖတ်နေတဲ့လူကလွဲပြီး ကျန်တဲ့သူတွေတိတ်တိတ်နေရတာပေါ့။ အသံမထွက်ရဲဘူးလေ … အသံက တနိုင်ငံလုံးကိုလွှင့်နေတာဆိုတော့ ကိုယ့်အသံပါသွားရင် နောက်နေ့ စာစီစာကုံးရေးရပြီ။ explanation ရေးရတာကို့ပြောတာပါ။ ပြီးရင်တော့ အမိန့်စောင့်ပေတော့ အလုပ်ပြုတ်ဖို့ကကြိမ်းသေဘဲ။ သတင်းဆိုတာအင်မတန်အရးကြီးတာကိုး။ သတင်းဖတ်သူတွေတခါတလေ ချောင်းဆိုးချင်တာမျိုးတော့ရှိတာပေါ့ သူတို့လဲတတ်နိုင်သမျှ သတင်းဖတ်ချိန် ချောင်းမဆိုးရအောင် ကြိုတင်ပြီး ချောင်းဟန့်တာတို့ အာခေါင်ရှင်းတာတို့လုပ်ထားရတယ်လေ။ သတင်းဖတ်တဲ့ သိန်းလှမော်ဆိုမှတ်မိကြတယ်မို့လား သူဆို သတင်းမဖတ်ခင် ပူရှိန်းလေးဘာလေးငုံတတ်လေ့ရှိတယ်။ နောက်ပြီး သတင်းဖတ်တဲ့အခန်းကို တခါတခါ စပရေးဖြန်းရတယ်။ အခန်းကအသံလုံခန်းဆိုတော့ အနံ့အသက်လဲကောင်းအောင် ..ပိုးမွှားတွေလဲမဝင်နိုင်အောင်ပေါ့ တကယ်လီု့ သတင်းဖတ်တဲ့သူက မဖြစ်မနေချောင်းဆိုးချင်တယ်ဆိုရင် သူ့လက်အောက်မှာ ခလုတ်လေးတခုရှိတယ်ဗျ .. အဲဒါလေးဆွဲပိတ်လိုက်ရင် […]