ေမာင္ရိုးDecember 3, 20121min38843
အောက်တိုဘာလ (၁၃) က်နေ့ မှာ ဖားကန် ့မြို ့နယ် လုံးခင်းကျေးရွာကို စစ်တပ်နဲ့ ရဲ နဲ့ ဝင်ပြီး ရိုက်နှက် လုယူကြတယ်လို့ သစ်ထူးလွင် သတင်းမှာဖတ်လိုက်ရပြီး တခါက အကြောင်းလေးတွေ ပြောချင်လာမိလို့ ရေးလိုက်တာဖြစ်ပါတယ် …..။       မောင်ဆာမိ ဒီအကြောင်းတွေကိုပြောဖို့ စိတ်ကူးတာကြာပါပြီ ။ ကိုယ် ့အတိတ်ကို ပြန်မတူးချင်တာနဲ့ပဲ လက်နှေးနေတာလေ ။ ဒါပေမဲ့ အတိတ်ဆိုတာကလည်း တကယ်ရှိခဲ့တာဆိုတော့ ဆိုးမွေ ကောင်းမွေ ကိုလက်ခံရမှာပေါ ့ ….။ ဒီလိုပါ …….တစ်ခါက မောင်ဆာမိရဲ ့ ဘဝများစွာထဲမှာ ကားသမားဘဝလည်း အပါ အဝင်ဖြစ်ခဲ့ဖူးပါတယ် ။ ဟိုင်းဝေး ကားသမားဘဝ ၊ ဘုရားဖူးကားသမားဘဝ နဲ့ […]


ေမာင္ရိုးNovember 1, 20121min34538
ကျနော်တို့တွေအများစုက မျက်ရည်ခံထိုးပြီး အသနားခံပြရင် အားနာတတ်ကြတယ် ။ တစ်ခါတစ်ရံ ကိစ္စ အကြီးကြီးကို “ဆောရီး”ဆိုတာလေးနဲ့ ကျေနပ်နေပြန်ရော …..။ပြီးတော့ ….ရိုးတယ် ၊အတယ် ၊ သဘောလည်း ကောင်းပုံရပါတယ် ….။ ဒါကိုအခွင် ့အရေးယူူပြီး လုပ်စားကြတဲ့သူတွေ ဒု နဲ့ ဒေး ပေါ ့ ….။   ဒီလိုလူတွေထဲမှာ ပယောဂဆရာလိုလို ၊ သိုက်ဆရာလိုလို ၊ နတ်ဆရာလိုလို ဘိုးတော်လိုလိုတွေက ရှေ ့ဆုံးက ပါသဗျ ။ ဒီနေရာမှာ ပြောချင်တာက ယောင်ခြောက်ဆယ်တွေကိုပြောချင်တာပါ ။ ကိုယ် ့ယုံကြည်ချက်နဲ့ကိုယ် လောကီပညာတွေကို အပတ်တကုတ်လိုက်စားတဲ့သူတွေကိုမဆိုလိုပါဘူး ။ အခုဖြစ်ရတာတွေက ရိုးရိုးအအ နဲ့ ယုံကြည်မှုလွန်ကဲတာတွေအပေါ် အခွင် ့အရေးယူကြတာနဲ့ ကျနော်တို့တွေ အလွန်အ […]


ေမာင္ရိုးOctober 10, 20121min32937
“အများအကျိုးဆောင် ၊ ကိုယ် ့ အကျိုးအောင် ” တဲ ့ ….ငယ်စဉ်ကတည်းက ကြားဖူးခဲ့တာ ။ လူကြီးမိဘ ၊ ဆရာသမားတွေကလည်း ကြုံသလို သင်ကြားကြတာပေါ ့လေ …..မောင်ဆာမိတို့ တစ်တွေလည်း အခါအားလျော်စွာ လိုက်နာပါတယ် ၊ ဆောင်ရွက်ခဲ့ကြပါတယ် ….။ သို ့သော်လည်း ပေါ ့လေ ….တစ်ခါတစ်ရံ မိမိအကျိုးစီးပွားလေးတော့ ရှေ ့တန်းတင်မိကြတာပါပဲ ။ လူပဲ ….တစ်ခါတစ်လေ အတ္တကြီးမှာပေါ ့ …… ဒီလိုဖြေသိမ် ့တတ်ပါတယ်  ..။ သူများ အမျိုးသေတော ့ အနိစ္စ …ကိုယ် ့အမျိုးသေတော့ ဒုက္ခ ဆိုသလိုပေါ ့ ။ လူတွေများ … ကိုယ့် ဘက်ထိမှာသိပ်သိ […]


ေမာင္ရိုးAugust 9, 20121min30923
မနေ ့က (၈၈) လူထုအုံကြွမှု နှစ်ပါတ်လည်ခဲ့ ပြန်ပြီ ။ ကိုကြောင်ကြီးရဲ ့ပို ့စ်မှာ ဝင်ဖတ်ရင်း ၈၈ ကိုပြန်သတိယလာပြန်တယ် ……။ အဲဒီတုန်းကမောင်ဆာမိ ပါဝင်ခဲ ့ပုံလေးလည်း သတိတရ ပြန်ပြောပါရစေ …….။ တချိန်က မောင်ဆာမိဟာ ဓမြ (ဓားပြ) တစ်ယောက်ဖြစ်ခဲ ့ပါတယ် ………။   ၈၈ အရေးးအခင်းဖြစ်ပြီး ကျောင်းတွေပိတ်တော ့ မောင်ဆာမိတစ်ယောက် အလုပ်လက်မဲ ့ပေါ ့….. (ဒါနဲ ့သဂျီးရေ …နှုတ်ကျိုးနေလို ့ အရေးအခင်းလို ့သုံးပါရစေ စိတ်ထဲမှာတော ့ မြန်မာတစ်မျိုးသားလုံးရဲ ့ လူထုအုံကြွမှုကြီးလို ့ မှတ်ယူထားပါ ့မယ် …။) ဒီလိုအလုပ်လက်မဲ ့ဖြစ်နေတုန်း  နေ ့ခင်းဆိုရင် […]


ေမာင္ရိုးJuly 13, 20121min32054
မနက်ကပဲ ကမန်းကတန်းရွာထဲဝင်လိုက်တော. ဆရာမဝင်.ပြုံးမြင့်ရဲ ့ဆောင်းပါးလေးကိုဖတ်လိုက်ရတယ်  …။ ဖတ်ပြီးချက်ချင်းဘဲ အများသူငါလိုအသဲကွဲရတော.တာပါပဲ …။ဆာမိတို.ကငပိကြိုက်တာကိုး ….။မခွဲချင်ဘဲ ခွဲရတော.မဲ.ငပိဘူးလေးကိုကြည်.ပြီး ငယ်ဘဝလေးကိုပြန်မြင်ယောင်မိပါတယ် ……။ ငယ်ငယ်ကဆို ငပိရည်လေးဆမ်း ….ငရုပ်သီးမှုန်.လေးဖြူးလို. လမ်းထိတ်ကအကြော်လေးနဲ.  မနက်စာ စားခဲ.ကြတာလေ…။ဘာဟင်းဘဲချက်ချက်ငပိရည်တစ်ခွက်ကအမြဲပါတာမု့ိထမင်းစားလို.မကောင်းတဲ.နေ.ဆို တာ မရှိသလောက်ပါပဲ …….မှတ်မှတ်မိမိ နွေကျောင်းပိတ်ရက်တစ်ရာသီမှာ ငပိရည်နဲ.ချည်း နေ.တိုင်းနယ်စား လို. ဝ လာတဲ.ဆာမိကိုသူငယ်ချင်းတွေက “ ငပိဖေါ  ဖေါနေတာလား”တဲ. ။ အဲသလောက်ထိငပိကိုကြိုက်တာ ။ ကြိုက်မယ်ဆိုလည်းကြိုက်လောက်တယ်လေ …..ငပိဆိုတာ ဆာမိတို.ငယ်စဉ်ကတည်းကအိမ်မှာ ကိုယ်.ဖာသာ ကိုယ်လုပ်လာခဲ.ကြတာ ။ တစ်မိသားစုလုံးကလည်းကြိုက်တယ် …အပြင်ကလည်းဝယ်မစားချင် …လုပ်တဲ.နည်း ကိုလည်းသိတော. ကိုယ.်ဟာကိုယ်လုပ်ရတာ အပန်းမကြီးလှပါဘူး ……။မှတ်မိနေတာကတော. သီတင်းကျွတ် ကျောင်းပိတ်ရက်တွေမှာ ငပိလှန်းခဲ.ကြတာပါပဲ ………………။ သီတင်းကျွတ်လမှာဆိုရင် အင်း လေလံဆွဲထားတဲ.သူတွေက သူတို.အင်းကိုဖေါ်လေ.ရှိကြပါတယ် ။ […]


ေမာင္ရိုးApril 10, 20121min17522
ဟိုရက်ကစပြီးညပိုင်းတွေညနေပိုင်းတွေမှာ မ၊ီးမဖြတ်ဘဲ စမ်းသပ်ပြီးပေးပါတယ် ၊ ကံဆိုးသူဆာမိကတို.ကတော.မလာတစ်ချက် လာတချက်ပါ ။ ဘာဘဲဖြစ်ဖြစ် အရင်ကထက်စာရင်တော.တော်သေးတာပေါ. ။ ဟိုတလာက မီးပြတ်စဉ်က ဆာမိရဲ. ကြုံရဆုံရ တခဏ အကြောင်းကိုတော. ပြန်ပြောပြချင်ရဲ.ဗျာ ……။ မီးပျက်တဲ.ဒုက္ခကတော.အားလုံးအတူတူပါ ၊ ဒါပေမဲ. ဆာမိတို.ကကံပိုထူးလေတော.ရေပြတ်တဲ.ပြဿနာပါကြုံရသဗျ။ ဆာမိတို.နေတဲ.အရပ်ကခတ်ချာချာ ။ နေတဲ.တိုက်က တာဝတိ ံသာဖင်ဖျား …အထပ်သာမြင်.ပြီးအဆင်.မမြင်.လေတော. ကိုယ်ပိုင်ရေမရှိ ၊ ဂျိုးဖြူရေသာအားကိုးနေရပါတယ် ။ ဂျိုးဖြူရေကလည်း မိုးတွင်းမဟုတ်ရင်ညသန်းကောင်ကျော် ဒါမှမဟုတ် မနက်လေးနာရီလောက်မှလာတာ ….။မီးမှန်နေတုန်းကတော.အကြောင်းမဟုတ်ပေမဲ. မီးလဲပြတ်ရောဒုက္ခလှလှတွေ.ရတာ ဘဲဗျို. ….ရေလာတော.မီးပြတ် ၊ မီးပြတ်တော.ရေလာ အတော်ကိုဆိုးသဗျ ။တိုက်ခန်းကျဉ်းတွေဆိုတော.လည်းရေက အများကြီးလှောင်လို.မရ ၊ မီသားစုကလေးဦး တစ်နေ.အဝတ်ရှစ်စုံ ၊ ရေချိုး အိမ်သာသုံး သန်.ရှင်းရေးသုံး ပန်းကန်ဆေးဆို တော. သုံးရက်တခါမှရေလာချိန် […]