လင်းဝေDecember 2, 20111min31337
မနေ့က မိုးပျံလမ်းနဲ့ ဂုံးကျော်တံတားများ အဆက်အနေနဲ့ ဖတ်လို့လည်း ဖြစ်ပါတယ်။ အဲဒီမိုးပျံတံတားများအကြောင်းစဉ်းစားရင်း တော်တော် ရင်လေးမိလို့ ဆက်စပ်စုံစမ်းပြီး သိလာရတာပါ။ ကိုယ်လုပ်နိုင်တာလည်း လုပ်ပေးလုပ်ပါရဲ့။ အဓိက ကတော့ဗျာ… ဘယ်နိုင်ငံမှာမှ ဂုံးတံတား လမ်းဆုံရှောင် မိုးပျံလမ်း ဖြတ်ခအတွက်မပေးရပါဘူး။ အနီးဆုံး ထိုင်းမှာပဲကြည့်ပါ။ လမ်းဆုံရှောင်မိုးပျံလမ်းဖြတ်ခ ပေးစရာမလိုပါဘူး။ အမြန်လမ်းကို သုံးချင်တယ် ဆိုမှသာ ပေးရတာပါ။ ဒါလည်း ရွေးချယ်ခွင့်ရှိပါတယ်။ ပိုက်ဆံမပေးချင်ရင် ရိုးရိုးလမ်းကသွားမလား သွားလို့ရပါတယ်။ ကားပိတ်ချင်ပိတ်မယ် နှေးချင်နှေးမယ်ပေါ့။ အင်ဒိုနီးရှားမှာလည်း အတူတူပါပဲ။ လမ်းပိတ်ဆို့မှု သိပ်ကြီးလွန်းတဲ့ ဂျကာတာ မှာ အမြန်လမ်းက သွားရင် ပိုက်ဆံပေးရမယ်။ ရိုးရိုးလမ်းက သွားရင် သွားချင်သလိုသာ သွား ဘာမှ ပေးစရာမလိုပါဘူး။ ဂျကာတာမှာ ရယ်စရာကတော့ အမြန်လမ်းလည်း ပိတ်ဆို့နေတာပါပဲ။ တစ်ခါတစ်ခါ […]