လင်းဝေJanuary 13, 20121min45652
သိပ်ပြီး အထိတ်တလန့်ဖြစ်မသွားကြပါနဲ့။ မြန်မာ့လေကြောင်းက လေယာဉ်အပိုင်းစီးခံရလို့ ဆိုပြီး အလန့်တကြားတွေဖြစ်ကုန်မှာ စိုးလို့ပါ။ လေယာဉ်ကို အပိုင်စီးခံရပေမယ့် ရန်ကုန်လေယာဉ်ကွင်းကို ချောချောမောမော ပြန်ဆင်းသက်ပြီး ဒီအတိုင်းပြီးသွားပါတယ်။ ဖြစ်တာကတော့ ရက်နည်းနည်းတောင် ကြာပါပြီ။ မပြောပဲထားမလို့ပဲ။ ဒီလိုမျိုးတွေကို မပြောပဲထားရင် ပိုဆိုးလာတတ်လို့ နည်းနည်းပြောပါရစေ။ ဖြစ်တာကတော့ ၂၀၁၂ ဇန်နဝါရီလ ၂ ရက်နေ့ကပါ။ လေယာဉ်ခရီးစဉ်ကတော့ မြိတ်-ရန်ကုန် ခရီးစဉ်ပါ။ ခရီးစဉ်အမှတ် UB-351 ။ ပုံမှန်ပျံသန်းမှု လမ်းကြောင်းကတော့ မြိတ်-ရန်ကုန် တိုက်ရိုက်ဖြစ်ပါတယ်။ အဲဒီ ဇန်နဝါရီလ ၂ရက်နေ့က ပန်ကာတပ် ATR-72 လေယာဉ် က အဲဒီခရီးစဉ်ကိုပြေးဆွဲပေးပါတယ်။ ဒါပေမယ့် တိုက်ရိုက် ရန်ကုန်ကို ပျံမှာ မဟုတ်ပါဘူးတဲ့။ ရန်ကုန်ကနေ မြိတ်ကို တိုက်ရိုက်ပျံသန်းပြီး မြိတ်ကနေ ရန်ကုန်အပျံမှာ မော်လမြိုင်ကို […]