Maung YuGhan SDYJuly 13, 20121min842
      လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား သမ္မတကြီးနှင့်တကွ နိုင်ငံခေါင်းဆောင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျမ္မာရွှင်လန်းပါစေရန် ကျွန်တော်နိုင်ငံသားတစ်ဦးအနေနှင့် ဆုတောင်းမေတ္တာပို့အပ်ပါတယ်ခင်ဗျား၊ နိုင်ငံတော်သမ္မတကြီးအား နိုင်ငံသားတစ်ဦး၏ ရင်တွင်းဆန္ဒအမှန်တခုကိုတင်ပြလိုပါသည်ခင်ဗျား၊ယခု july19 ရက်ဟာဆိုရင်ဖြင့် မြန်မာတမျိုးသားလုံး၏ လွပတ်လပ်ရေးသမိုင်းကိုရေးထိုးပေးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့်65 နှစ်ပြည့်ဖြစ်ပါသည်၊ထိုနေ့သည်မြန်မာ့လွတ်လပ်ရေးသမိုင်း မြန်မာ့တပ်မတော်၏သမိုင်း မြန်မာပြည်သူတရပ်လုံး မြန်မာ့သမိုင်းကိုချစ်မြတ်နိုးတတ်လာစေရန် အသက်သွေးချွေးစတေး၍ ကာကွယ်တတ်စေရန်နှင့် လွတ်လပ်ရေး၏တန်ဘိုးကို မြင့်တင်ပေးစေသော သမိုင်းဝင်နေ့ မြန်မာပြည်သူတွေဝမ်းနည်းကြေကွဲရတဲ့နေ့ ခေါင်းဆောင်တေါကိုဆုံးရှုံးခဲ့ရတဲ့နေ့တနေ့ဖြစ်ပြီး မြန်မာတည်သရွေ့ မမေ့ပျောက်စေသောနေ့တနေ့ဖြစ်ပါတယ်ခင်ဗျား၊ တပ်မတော်အစိုးရမှ နိုင်ငံတော်အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးသည့်နောက်ပိုင်း အာဇာနည်နေ့သည်နိုင်ငံတော်အခန်းအနား အဖြစ်တာ်ရှိနေသေးသော်လည်း အစိုးရမှ တိုင်းပြည်၏ကျေးဇူးရှင်ခေါင်းဆောင်များအား တက်ရောက်ဂါရဝပြုရတွင် ရန်ကုန်မြို့တော်ဝန်အဆင့်ဖြင့်သာတက်ရောက်ဂါရဝပြုစေခြင်းသည် မြန်မာ့သမိုင်းနှင့် မြန်မာ့မျိုးချစ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းသိက္ခာ နှင့်သမိုင်းတန်ဘိုးကို ကမ္ဘာ့အလယ်တွင် သိမ်ငယ်အောင်ပြုလုပ်နေသကဲ့သို့ဖြစ်နေသည်ဟုထင်မြင်မိပါသည်ခင်ဗျား၊ ယခင်နှစ်များတွင်းက တိုင်းပြည်၏တည်ငြိမ်မှုကိုတည်ဆောက်ဆဲကာလဖြစ်သောကြောင့် အကျဉ်းချုံးမျှကျင်းပခဲ့ရမှာ မှားယွင်းသည်ဟုမဆိုသော်လည်း ယခုအခါသမယသည် နိုင်ငံတော်သမ္မတကြီးဦးဆောင်သော အစိုးရအဖွဲ့သည် မြန်မာပြည်သူများသာမက […]