True FaithJune 9, 20101min1207
ဇွန်လ ပထမပတ်ထုတ်ဝေတဲ့ သစ္စာဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ နိုင်ငံရေးသမားဋီကာ ဆိုတဲ့ဆောင်းပါးလေးကို ဖတ်လိုက်ရတော့ ကျနော့်ခေါင်းထဲမှာ နိုင်ငံရေး သမားဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သွားတော့တယ်။ ယခုကာလဟာ ၂၀၁ဝ ရွေးကောက်ပွဲ ကျင်းပတော့မယ့်ကာလဆိုတော့ ဒီဆောင်းပါးဟာ စာဖတ်ပရိသတ်တွေ အတွက် အလွန်ကို အသုံးဝင်တဲ့၊ မှတ်သားဖွယ်ရာကောင်းတဲ့ ဆောင်းပါးလေးတပုဒ် ဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် ဂျာနယ်မှာ ရေးထားတဲ့စာတွေကို တကူးတက အချိန်ယူ ပြန်ရိုက်ပြီး တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ………………………………………………………………………………………………………………… နိုင်ငံရေးသမားဋီကာ မောင်ဝံသ နိုင်ငံရေးသမား (Politician) နဲ့ နိုင်ငံပြုခေါင်းဆောင် (Statesman) ကို ခွဲခြားရှင်းပြတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ဖတ်ရှုလေ့လာကြပြီး နိုင်ငံရေးသမားတွေကို ကိုယ်ကျိုးရှာ သမားတွေလို့ ထင်မြင်ယူဆသူတွေ အတော်များနေတယ်ဗျ။ နိုင်ငံရေးဆောင်ရွက်သူ အားလုံးကို လွှမ်းခြုံပြီး နိုင်ငံရေးသမား (Politician) […]