cobraMay 18, 20111min53
ဒီနေ့ ပြန်လွတ်လာတဲ့ အကျဉ်းသား ၁၄,၆၀ဝ ထဲမှာ နိုင်ငံရေး အကျဉ်းသား ၃ဝ ကျော် ပါဝင်လာပါတယ်။ အဲဒီအထဲမှာ ၂၀၀၈ ခုနှစ်တုန်းက အဖမ်းခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား၊ ဟစ်ပ်ဟော့ပ် (Hip Hop) အဆိုတော် ဇေယျာသော်လည်း ပါပါတယ်။ ဇေယျာသော်ဟာ ကော့သောင်းထောင်က ဒီနေ့ပဲ ပြန်လွတ်လာတာပါ။ ကော့သောင်းထောင်မှာ ကျန်းမာရေး စောင့်ရှောက်မှု သိပ်ပြီး ညံ့ဖျင်းနေတယ်လို့ ဆိုပါတယ်။ ဇေယျာသော်ဟာ Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက ခေါင်းဆောင်တဦးဖြစ်ပြီး သူ့ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ တရားမဝင် အသင်းဖွဲ့စည်းမှုတွေနဲ့ ဖမ်းဆီးခဲ့တာပါ။ အကျဉ်းထောင်အတွင်း ဘယ်လိုအခြေအနေတွေ ကြုံခဲ့ရသလဲ ဆိုတာနဲ့ အဆိုတော် ဇေယျာသော် ပြန်လွတ်လာပြီးတဲ့နောက် ဘာတွေ ဆက်လုပ်မလဲ […]