Mr. MarGaDecember 9, 20123min304310
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ၁။ ကာတာနိုင်ငံအခြေစိုက်  အယ်လ်ဂျာဇီးရား သတင်းဌာနက မြန်မာနိုင်ငံရှိ ၎င်းတို့အခေါ် ရိုဟင်ဂျာများနှင့် ပတ်သက်သည့် သတင်းအစီအစဉ်တစ်ခုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ အာရပ် ဘာသာဖြင့် လည်းကောင်း၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအစီအစဉ်တွင် ၎င်းတို့အခေါ် ရိုဟင်ဂျာများအား လူမျိုးတုံးအောင် သတ်ဖြတ်လုပ်ဆောင်နေမှုများကို ထည့်သွင်း ဖော်ပြသွားမည် ဟုလည်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။   ၂။ ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လတွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် လည်းကောင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးစုများနှင့် ဒေသခံရခိုင် တိုင်းရင်းသားများအကြား […]