True FaithOctober 8, 20101min971
နော်ဝေအခြေစိုက် နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့က ၂၀၁ဝ ခုနှစ်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆုကို တရုတ်အစိုးရ၏ အကျဉ်းချထားခြင်းခံနေရသည့် တရုတ်နိုင်ငံမှ လူ့အခွင့်အရေး လှုပ်ရှားသူ လျူကျားပေါင် (Lui Xiaobo) အား ယနေ့ ပေးအပ်လိုက်သည်။ နော်ဝေ စံတော်ချိန် နံနက် ၁၁ နာရီတွင် ဆန်ကာတင်အဆင့် ရွေးချယ်ခံရသူ လူ ၂ ဦးနှင့် အသင်းအဖွဲ့ ၃ ဖွဲ့အနက်မှ လျူကျားပေါင်ကို နိုဗယ်ငြိမ်းချမ်းရေးဆု ပေးအပ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ “တရုတ်နိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးတွေ ပြန်လည်ထွန်းကားရေးအတွက် အကြမ်းမဖက်နည်းနဲ့ အချိန်ရှည်ကြာစွာ တိုက်ပွဲဝင်နေတဲ့အတွက် ဒီဆုကို ချီးမြင့်လိုက်တာပါ”ဟု နိုဗယ်ဆု ရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ နောက်ဆုံး ဆန်ကာတင်စာရင်း ပါဝင်သူများမှာ လျူကျားပေါင်၊ အာဖဂန်နစ္စတန်မှ လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး Dr. […]