NovySeptember 4, 20122min36632
မနေ့ကရွာထဲကို ဝင်လို့ကိုမရဘူး ဒီနေ့ ဝင်လို့ရတော့ ပြေးလွှားပြီး ဝင်ကြည့်လိုက်တယ် တစ်ရွာလုံး အုံးအုံးကြွပ်ကြွပ် ပါလား ထမင်းစားချိန်တောင်ကျော်နေပြီ အူမတောင်မ အလုပ်ဖြစ်မှာ DJ Novy ချက်ထားတာလေးတွေစားလိုက်ကြအုံး ရော့အင့်စား ကိုင်းခရမ်းချဉ်သီးငါပိချက် ပုဇွန်အစိမ်းထောင်း နဲ ငပိစိမ်းစားကို ရေဖျောထားတာ ကိုင်းခရမ်းချဉ်သီးပြုတ်   ပင်စိမ်း/ငရုပ်သီစိမ်းနဲ့ ကြက်သွန်ဖြူ/နီ ကဲချက်လိုက်ပြီ ကြက်အာလူးဆီပျံ ဝက်ဂုတ်သားချက် ခရမ်းချဉ်သီးချက်နဲ့ တို့စရာစုံ ခဝဲသီးနဲ့ကြာဇံကို ပုဇွန်စိပ်လေးနဲ့ချက်တဲ့ဟင်းချို မိန်မိန်လေးစားနော်      


NovyAugust 27, 20122min53329
နိုဗွီလည်း ဒီတစ်ပတ် Sunday ရုံးပိတ်ရက်မှာ ဘာစားချင်လည်းလို့ စဉ်စားလိုက်တော့ မော်တင်စွန်းဘုရားသွားဖူးတုံးက စားခဲ့ရတဲ့ ရခိုင်မလေးတွေရောင်းတဲ့ ကျောက်ပွင့်သုပ်ကို အရမ်းပြန်ပြီးစာချင်နေမိတယ် အိမ်မှာလည်းကျောက်ပွင့်တွေရှိနေတာနဲ့ သုတ်စားဖြစ်သွားတယ် သူနဲ့လိုက်မဲ့ဟင်းကို စဉ်စားလိုက်တော့ ကြက်သားနဲ့ ပဲဟင်းလေးတွဲပြီးစားချင်သွားတယ် ကိုယ်အစားကောင်းစားရရင် ချစ်တဲ့ခင်တဲ့သူတွေကို သတိရကျတယ်တဲ့ နိုဗွီလည်း ရွာသူားတွေကို သတိရသွားလို့ စားကျပါအုံး ကြက်ပဲဟင်း မလောက်မှာစိုးလို့ အိုးလိုက်ချပေးလိုက်မယ် ဒါကတော့ ရေကို 10ခါထက်မနည်းဆေးလိုက်ရတဲ့ကျောက်ပွင့် အာလူး၊ကြက်သွန်နီ၊ သံပုရာ ဆရာကြီးနှစ်ယောက် (ငရုပ်သီး၊ငပိမီးဖုတ်)   အားလုံးရောနယ်လိုက်တော့ကျောက်ပွင့်သုပ်ဖြစ်ရော ့် ဒါကတော့ အစပ်ပြေ ဒူးရင်သီးစေ့ပြုတ်လေစား ဆီဆားလေးလည်းတို့စားအုံး