NovyAugust 26, 20151min24819
လူရယ်လို့ဖြစ်လာရင် တစ်နေ့နေ့ တချိန်ချိန်မှာတော့ လူလိမ်လူညာလူယုတ်မာတွေနဲ့ ဆုံတွေ့ရမှာမလွဲပါဘူး လောဘနောက်လိုက်သွားရင်တော့ သေခြာပေါက်ဒုက္ခရောက်မှာပါဘဲ စဉ်ချင်တုံ တရားလေးမမေ့ကျပါနဲ့ ကျမ မနေ့ညကပူပူနွေးနွေး ကြုံလိုက်ရတဲ့ လူလိမ်တစ်ယောက်ရဲ့ လိမ်နည်းလေးကို အများသူငါသိရလေအောင် ပြောပါရစေ အားလုံးလဲ သတိထားနိုင်အောင်လို့ပါ ဖြစ်ပုံကဒီလို တိုက်ကြီးက ကျမခြံကို ရောင်းဖို့ သတင်းစာမှာ ကြောငြာထည့်ဘူးပါတယ် ဆက်သွယ်ရမဲ့ ဖုံးအပါအဝင်ပေါ့ မနေ့ည ၈နာရီ ၁၅လောက်မှာ လူတစ်ယောက်ဖုံးဆက်လာပါတယ် ခြံဝယ်ချင်လို့ပါတဲ့ ပိုင်ရှင်လား အကျိုးဆောင်လားတဲ့ ကျမကပိုင်ရှင်ပါလို့ပြောတော့ သူကတိုက်ကြီးကရဲမှူးသိန်းအောင်ပါတဲ့ ၃ဧကလောက်ခွဲရောင်းပါတဲ့ ဒီည ၉နာရီခွဲငွေလာချေပါ့မယ်တဲ့ ကျမအိမ်လိပ်စာတောင်ပြောလိုက်မိတယ် ကျမဒီအထိလိမ်နေမှန်းမသိသေးဘူး ဒီအတိုင်းငွေချေလို့မရဘူး သက်ဆိုင်ရာလူကြီးတွေရှေ့မှာ လုပ်မှရမယ်လို့ပြောလိုက်တယ် အဲ့ဒီအချိန်မှာ ဖုံးလိုင်းက သိပ်မကြားရတော့ဘူး ဒါနဲ့ ကျမပြန်ခေါ်လိုက်ပါ့မယ်ဆိုပြီး ဖုံးချလိုက်တယ် အပြင်သွားနေတဲ့ ကျမအမျိုးသားကို ဖုံးဆက်ပြီးပြန်လာခိုင်းလိုက်တယ် ပြီးတော့ သူဆီကိုပြန်ဆက်လိုက်တယ် တခြားဖုံးတစ်လုံးနဲပါ့ […]