NovySeptember 14, 20121min22926
မနေ့က တစ်နေ့လုံး ရွာထဲကကိုယ့်အိမ်ကို ကိုယ်ပိုင်သော့နဲ့ ဖွင့်တာကို ဖွင့်လို့မရ အိမ်ထဲလည်းဝင်လို့ မရ ဒါနဲ့ ရွာရိုးလျှောက်တော့ အောင်မယ် ကိုဆာမိတို့များ ခေတ်ပျက်စီးပွားရေ တယ်မြင်သကို သူ့တဲရှေ့မှာ စလောင်ဖုံးဆိုင်းဘုတ်ကြီးကို ဟီးနေတာပဲ ရေးထားတာလည်း ကြည့်အုံးလေ “ဂဇာတ်မန်ဘာဟောင်းဈေးကောင်းပေးဝယ်သည်”  တဲ့ သူ့တဲရှေ့မှာလည်း ရောင်းဖို့ ဝယ်ဖို့ စီလိုက်တဲ့လူ မိပေါက်ဖေါ်တို့ကလည်း ဘီအီးနဲ့လဲမယ် တကဲကဲပေါ့ အပြီးမရောင်းချင်ဘူး ခဏငှားမဲ့သူတွေကလည်းဈေးမေးကြနဲ့ စည်းကားလိုက်တာ မနိုကျုတော့ ဘယ်သူမှ မမြင်ကျဘူး ဒါနဲ့ ရွာရိုးဆက်လျှောက်တော့ ဟင်းနံ့လေးမွှေးနေတယ် ကြည့်လိုက်တော့ မဝေအိမ်မှာ ရခိုင်မျှစ်စပ်ဟင်း ချက်နေတာကို ဝင်စားမယ်ကြံတော့ ကိုယ်မှာ ဝင်စားခွင့်မရှိ သော့လေးကိုင်းပြီ ဆက်လျှောက် မယ်ပု အိမ်ဘက်တောင်ရောက်လာပြီ မယ်ပု Allergy ဖြစ်နေလို့ လူနာသတင်းမေးတွေတောင်ရောက်နေတယ် ကိုယ်မှာတော့ အိမ်ပေါက်ကနေ ချောင်းကြည့်ပြီ […]