NovyJune 9, 20142min24233
  ပုပ္ပါးတောင်ကို စတက်ပြီးဆိုတာနဲ့ မျောက်စာရောင်းသူတွေနဲ့  မျောက်အပေါင်းရဲ့ ဝန်းရံခြင်းကို ခံရတော့တာပါဘဲ ဒီမျောက်ကတော့ ကလေးအမေ / သူကတော့ ဗိုက်ကြီးနေလို့ / သူကတော့အိုနေလို့ / သူကတော့ အစာမစားရသေးလို့ အမျိုးကိုစုံနေတာပါဘဲ မျောက်တွေက လူကိုရန်မမူပေမဲ့ သူတို့ အစာတွေကိုတော့ လူတွေဆီကနေ ဝင်လုတက်ပါတယ် သတိထားသင့်တဲ့ အချက်ပါ အထူးသဖြင့် သောက်ရေဘူး / အအေးဘူး / မုန့်ထုပ်တွေနဲ့ ကြွတ်ကြွတ် အိတ်လို အရာမျိုးတွေကို သူတို့ မြင်အောင် မယူသွားသင့်ပါဘူး မျောက်တွေက အလစ်သင်လုပါတယ် ကျမတို့ သွားတဲ့နေက အဖွားကြီးတစ်ရောက်ဆီက မျောက်က စားစရာဝင်လုတာကို အဖွားကြီးက လန့်ပြီးရှောင်လိုက်တာလှေကားကနေ နောက်ပြန်ပြုတ်ကျပြီး နဖူးတော်တော်လေးကွဲသွားလို့ ဘုရားပေါ်ကနေ စောင်ကြီးနဲ့ ထမ်းချသွား ပြီးတာတွေခဲ့ရပါတယ် ပခုက္ကူဆေးရုံကို ပို့လိုက်တယ်လို့ […]