weiweiJune 18, 20132min1469
မိုးရာသီရောက်ပြီဆိုတော့ ခရီးမသွားဖြစ်တော့တာနဲ့ ဓါတ်ပုံအသစ်တွေလဲ မရိုက်ဖြစ်တော့ဘူး။ ရိုက်ပြီးသား အဟောင်းတွေကိုလဲ မတင်ချင်တာနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာတင်ပဲ ထူးခြားမယ်ထင်တာလေးတွေ လှမယ်ထင်တာလေးတွေတွေ့ရင် လျှောက်ရိုက်ပါတယ်။ ဒီအပါတ်မှာ နှင်းသီးပင်တွေ အသီးအပွင့် ဝေဆာနေတာ တွေ့တာနဲ့ နှင်းသီးကို အပွင့်ကနေ အသီးဖြစ်လာတဲ့အထိ မှတ်တမ်းတင်ရင်း မျှဝေပေးလိုက်ပါတယ် … နှင်းသီးပင်တွေက စိုက်ရလွယ်ပါတယ်။ အကြမ်းလဲခံတယ်။ မိုးတွင်းမှာ ဒီအတိုင်းစိုက်ထားလိုက်ရင် နောက်တစ်နှစ်မိုးတွင်းမှာ အသီးစသီးပါပြီ။ ရေမြေပေါ်မူတည်ပြီး အပင်ကြီးထွားမှုကွာပါတယ်။ သေချာဂရုစိုက်ပြီး စိုက်မယ်ဆိုရင်တော့ တစ်နှစ်မှာ ပေ ၂ဝ လောက်အထိ အမြင့်ရှိပြီး လှပတဲ့အသီးလေးတွေသီးလာမှာဖြစ်ပါတယ်။ ဒီအတိုင်းစားရင် အရသာသိပ်မရှိပေမယ့် သရက်သီး၊ မာလကာသီးစားသလို ငရုတ်သီးမှုန့်နဲ့စားရင် စားလို့ကောင်းပါကြောင်း ………..