ရထားဥဩဆွဲသံကိုကြားရစဉ်ခဏမှာပင် သူ ပျာယာခပ်နေချေပြီ။ သူတို့ကျန်ရစ်ခဲ့၍မဖြစ်။ထိုစဉ်- “မင်းတို့နှစ်ယောက်လား ကိုကိုနိုင်ပြောထားတာ” “ဗျာ” “လက်မှတ်နှစ်စောင် ဖားကန့်ကနေဖြတ်ထားတာမလား” “ဟုတ်..ဟုတ်ကဲ့ ကျွန်တော်တို့နှစ်ယောက်ပါ” “လာလာ ရထားဆိုက်လာပြီ ကိုကိုနိုင်ကတော့ ပြောထားတယ် ငါလည်း မင်းတို့ကိုရှာနေတာ။ လာလာ” မြင့်ဇော်ဦးက ပိုက်ဆံယူပြီး မှတ်ပုံတင်ကိုင်ကာ အမြန်လိုက်သွားသည်။ မြန်မြန်ဆန်ဆန် လက်မှတ်ဖိုးရှင်းကာ မြင့်ဇော်ဦးအနားကိုပြန်ရောက်လာချိန်တွင် မြစ်ကြီးနားမှ ထွက်ခွာလာသော အမြန်ရထားသည် မိုးကောင်းဘူတာအတွင်းကို ဝင်လာလေပြီ။ သူလည်း ခုမှပင် သက်ပြင်းချနိုင်ကာ ခုန်နေသောရင်သည် မီးတောက်ကို ရေနှင့်ပက်ဖျန်းလိုက်သည့်ပမာ ဟုတ်ခနဲငြိမ်းသည်နှယ် ရပ်တန့်သွားရလေသည်။  အသက်ရှူသံပြင်းပြင်းနှင့် ဘူတာအတွင်းခေတ္တ ငြိမ့်ညောင်းနေသော အမြန်ရထားကြီးပေါ်သို့ အပြေးတပိုင်းနှင့် စီးနင်းရမည့်အတွဲကို ဦးဆုံးရှာကာ မြင့်ဇော်ဦးက ပစ္စည်းတစ်ချို့ကို တင်နေချိန်ဝယ် သူကလည်း သွက်လက်သော ခြေလှမ်းများနှင့် မပြေးရုံတမယ် မြန်မြန်ကြီးလိုက်ရပြန်လေသည်။ အထက်တန်း […]


          နန့်ယားရွာ အထွက်လမ်းသည် ဆိုးရွားလွန်းလှသည်။ လမ်းတစ်လမ်းလုံး အပြည့်နီးပါး ကျင်းတွေ ချိုင့်တွေနှင့်ပြည့်နေသည်။ ကားခေါင်းမိုးပေါ်ရှိ ကတ်ခြံပေါ်တွင် တင်ထားသော ခရီးသည်များ၏ အထုပ်အပိုးတွေ အပြည့်တင်ထားသည်။ ခရီးတစ်ဝက်ကျိုးသည်အထိ ဘာမျှမဖြစ်သေးသော်လည်း နန့်ယားရွာအထွက်တွင်မူ စတင်၍ ပြဿနာဖြစ်လာလေတော့သည်။ လမ်းကလည်းကြမ်း၊ ချိုင့်ကလည်း စောင့်သဖြင့် ကားခေါင်းမိုးရှိ ကတ်ခြံမှာ နေရာရွေ့ကာ ဘေးဘယ်ညာစောင်းသွားလေသည်။ ပါဂျဲရိုးကားခေါင်းမိုးပေါ်ရှိ ကတ်ခြံသည် ဝန်လေးသော ပစ္စည်းများအတွက်မဟုတ်သဖြင့် ဝန်နှင့်အားမမျှသလိုဖြစ်သွားရခြင်းဖြစ်သည်။ သူတို့ကားလမ်းတစ်နေရာတွင်ရပ်တော့ ကတ်ခြံက တော်တော်လေး ရွဲ့စောင်းနေပြီ။ထို့ကြောင့် ကတ်ခြံအား သေချာစေရန် ပြန်လည်ပြုပြင်ယူရသည်။ သည်ကြားထဲတွင် သူနှင့်အတူ ပါလာသော ခရီးသည်တစ်ဦး၏ အိတ်တစ်လုံးမှာ မည်သည့်နေရာတွင်ကျခဲ့မှန်းမသိရ။ ထိုလူက လှူလိုက်ဦးပေါ့ဟု ပြောရှာသည်။ ဒုက္ခရောက်လိုက်သည်မှာလည်း ပြန်သည့်အထိဖြစ်နေကြောင်းလည်း ပြောပြနေသေးသည်။ ကတ်ခြံပေါ်ရှိ အချို့အထုပ်အပိုးများအား ကားထဲသို့ဖြစ်သလိုရွေ့ပြီးသည်နှင့် ခရီးဆက်ခဲ့ကြပြန်သည်။ “ကိုသော်က […]


  “ကိုသော် ကိုမိုးနိုင် ကားပြီးပြီထင်တယ် ဝင်ကြည့်မလား” ဇော်သန့်က သူ့ကို မေးသည်။ “အေးဝင်ကြည့်တာပေါ့။ ” သူတို့ဝင်လာသည်ကို မိုးနိုင်လှမ်းမြင်သည် ထင်ပါ၏။ သူ့အား လှမ်းပြီးအော်ပြောနေသည်။ “လာ သားကြီး။ မင်းဆီကိုခုပဲ ဖုန်းဆက်တော့မလို့။ ငါ့ကားကတော့ရပြီ။ မင်းတို့ဘက်က ဘယ်နှစ်ယောက်လောက်လိုက်မလဲဆိုတာကို  သိချင်လို့” “လိုက်မယ့်လူကတော့ လေးငါးယောက်လောက်ရှိတယ်ကွာ ။နေပါဦး မင်းက ဘယ်နေ့ထွက်မလို့လဲ” “မနက်ဖြန်ဖြစ်မလားပဲ” “ဟေ” “ဟုတ်တယ်။ ဒီကနေ့ညနေ မင်းဆီကိုဖုန်းပြန်ဆက်လိုက်မယ်လေ။ မင်းတို့လိုက်မယ့်လူ အတိအကျ ဘယ်နှစ်ယောက်လောက်ရှိမလဲ မေးထားလိုက်ပေါ့။” မနက်ဖြန်ဟု ဆိုလာပြီ။ သူ ဘာကိုမှ မပြင်ဆင်ရသေး။ တကယ်တမ်းပြန်ရမည်ဆိုတော့လည်း စိတ်ထဲတွင် တစ်မျိုးတစ်မည်ခံစားနေရသည်။ “အေးဆက်လာလိုက်လေ။ ငါမေးထားလိုက်မယ်” “မင်းတို့ဘာနဲ့လာတာလဲ” “လမ်းလျှောက်ပေါ့။ပြန်တော့မှာ” “နေဦးပြန်မယ်ဆိုရင် ခဏစောင့် ငါလည်း မရှီကထောင်ဘက်ကိုသွားမှာ လမ်းကြုံတယ်” သို့နှင့် […]


ကားနားတွင် ဝေ့လည် ဝေ့လည်ဖြစ်နေသော သူတို့အဖွဲ့ အူကြွနေကြပြီ။ ခုချိန်ထိ ဇော်သန့်နှင့် ဘဂျမ်းမှာ ပေါ်မလာသေးသဖြင့် စိတ်အပူလုံးက ကြွလာလေပြီ။ တစ်ခုခုဖြစ်နေမလားဟူသော အတွေးက လူကို ခြေမကိုင်မိ လက်မကိုင်မိဖြစ်စေ၏။ မြင့်ဇော်ဦးက နောက်တစ်ခေါက်ပြန်သွားကြည့်ရမလားဟုမေးသော်လည်း လမ်းက ပိတ်ချေပြီ။ နောက်ထပ် ဘယ်သူ့ကိုမှ မသွားစေချင်တော့။ ဇော်သန့်နှင့် ဘဂျမ်းသည် တစ်နေရာရာမှာများ အခက်အခဲတွေ့နေရော့လား။ သူသည် သူငယ်ချင်းများကို သူ့အတွက်နှင့် တစ်ခုခုဖြစ်သွားမည်ကို အတော်လေး စိုးရိမ်သည်။ ထိုစဉ်တွင်ပင် သူ့နောက်ကျောကို တစ်ယောက်ယောက်က လှမ်းပုတ်ခြင်းကိုခံလိုက်ရသည်။ သူ့လှည့်ကြည့်တော့ “ဟာ ဇော်သန့်” ဇော်သန့်နှင့် ဘဂျမ်းဖြစ်နေသည်။ ဒီကောင့်တစ်ကိုယ်လုံး ဗွက်တွေနှင့် ပေရာ ဗလပွဖြစ်နေသည်။ “ဟာကွာ စိုးရိမ်နေကြတာကွ ။ မင်းတို့ဘာလုပ်နေကြတာလဲ။ ဒီမှာ ကိုသော်က တော်တော်လေးကို မျက်နှာပျက်နေပြီ။” မြင့်ဇော်ဦးက […]


ထိုစကားကိုကြားလိုက်ရတော့ မျှော်လင့်ချက်တွေ အဝီစိအထိကျသွားခဲ့ပြန်တော့သည်။ မနက်ဖြန်။ သူ့အတွက် မနက်ဖြန်သည် အားရစရာတစ်ချက်ကလေးမှမရှိ။ မက်လင်ချောင်ဘက်တွင်ကြားနေရသော သတင်းတွေက စုံလှသည်။ သူတို့ ကုမ္ပဏီ မီးလောင်ပြီးနောက်တစ်ရက်တွင် ကုမ္ပဏီအတွင်းရှိ ပစ္စည်းများကို ရွာသားတွေ ဝင်ရောက်ယူငင်နေကြကြောင်း သိရသဖြင့် သူ့မျှော်လင့်ချက်ကလေး လုံးဝနည်းနည်း ပျက်စီးသွားခဲ့လေသည်။ ရွာသားတွေတောင် ဝင်ယူသည်ဆိုလျှင် သူတို့ရော။ ဇော်သန့်က သူ့အား တီးတိုးတိုင်ပင်သည်။ “ကိုသော် ကျွန်တော်တို့သွားကြည့်ရင်ကောင်းမယ်ထင်တယ်” “မင်းက သွားချင်စိတ်ရှိလို့လား” “ဟာ ရှိတာပေါ့။ ” “မင်းတစ်ယောက်တည်းလား” “မဟုတ်ဘူး ဘဂျမ်းရယ် မြင့်ဇော်ဦးရယ် ပါလိမ့်မယ် ။ အစ်ကို့ဆိုင်ကယ်ကိုပဲပေးလိုက်” “မင်းတို့ အရဲမစွန့်နဲ့နော် ။ ငါကတော့ သိပ်မသွားစေချင်ဘူး ။ ဘာမှန်းမသိ ၊ ညာမှန်းမသိ။ တော်တော်ကြာ ဒုက္ခတွေ့မှာလည်းဆိုးတယ်” “စိတ်ချပါ ကိုသော် ကျွန်တော်တို့အရင် […]


  “ဘုရား ဘုရား ငါသေတော့မလို့ပါလား” ကိုကျီးဥ ကိုယ့်ကိုကိုယ့် ပြန်တွေးမိရပြီ။အချိန်က ည ၁ဝနာရီကျော်ကျော်မို့မှောင်နှင့်မည်းမည်း။ ကိုကျီးဥ ပြေးနေသည်။ ရှေ့တွင် မည်သူ့ကိုမျှ မမြင်မိ။ ဝန်ထမ်းအချင်းချင်း မည်သူမည်ဝါ သည်းကွဲစွာ မမြင်ရတော့။ ကိုကျီးဥ အလယ်ကုန်းရွာနားကိုအရောက် နောက်သို့ပြန်လှည့်ကြည့်မိသည်။ မီးတောက်တွေ။ မီးတောက်တွေ။ ဘုရား ဘုရား နောက်တစ်ကြိမ် ဘုရားတမိရပြန်ပြီ။ ကိုကျီးဥ ခြေလှမ်းတွေ မမြင်မကန်းနှင့် မမုံရွာသို့ ဦးတည်နေသည်။ ကိုကျီးဥ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသလား။ စိတ်ထဲတွင် ဖြစ်ပျက်သွားသော အခြေအနေကို မယုံနိုင်အောင်ဖြစ်နေရသည်။ ဘယ်ကိုသွားရမလဲ။ ဘယ်သူ့ကို ဆက်သွယ်ရမလဲ။ ခေါင်းထဲတွင် တစ်ခုမှ စဉ်းစားမရ။ ကုမ္ပဏီရုံးချုပ်ကို အကြောင်းကြားဖို့ ဖုန်းဆက်ဖို့ ကိုကျီးဥဆီတွင် ချူးတစ်ပြားမှ ပါမလာ။ အကယ်၍ ဆက်၍ရသည်ပဲထား။ သူတို့လာရဲပါ့မလား။ ခြေလှမ်းတွေ […]


“ကိုကျီးဥ ဟုတ်လား ဘုရားဘုရား” ကိုကျီးဥကို သူကောင်းကောင်းသိသည်။ အင်မတန် သဘောမနောကောင်းသော လူတစ်ယောက်ဖြစ်သည်။ အဲဒီလူ ဘာကြောင့်များကျန်ခဲ့ရပါလိမ့်။ သူသူ ကိုယ်ကိုယ် ကိုကျီးဥအတွက် စိုးရိမ် ထူပူသွားကြသည်။ ဟိုနား လူတစ်စု ဒီနားလူတစ်စုနှင့် တိုင်တိုင်ပင်ပင် တွေးတွေးငေးငေးရှိနေကြသည်။ ခဏအကြာမှာတော့ သူတို့ရုံးချုပ်ထောင့်နားသို့ လူများ အပြေးအလွှား သွားနေကြသည်ကိုတွေ့ရသဖြင့် သူတို့ သူငယ်ချင်းတစ်စုပါ အတူ ရောယောင်ပါသွားကြသည်။ “မီးလောင်နေတဲ့အရှိန်ရဲ့ကျယ်ပြန့်ပုံအရဆိုရင် တို့ကုမ္ပဏီတော့ ကုန်ပြီနဲ့တူတယ်” ထိုစကားသံသည် စိတ်ပျက်အားငယ်ခြင်းကို အောက်ဆုံးအထိရောက်စေခဲ့ပြီ။ သူ့မျက်စိထဲတွင် ထုပ်ပိုးပြီးသားရော မထုပ်မပိုးခဲ့ရသည့် ပစ္စည်းတွေကိုရော ပြန်လည် မြင်ယောင်လာမိသည်။ ပစ္စည်း သင်္ခါရ လူသင်္ခါရဆိုသော်လည်း ရုတ်တရက်ကြီးကြရောက်လာသော ဘေးဆိုးကြောင့်ဖြစ်ရသည်မို့ ချက်ချင်းကြီးတော့ တရားနှင့်မဖြေနိုင်သေး။ ရှိတဲ့သူတွေအတွက်တော့ နေ့ချင်းညချင်းကြီး ဝယ်ယူစုဆောင်းလိုက်လျှင်ရသော်လည်း မရှိသော သူ့လို ကုမ္ပဏီ ဝန်ထမ်းအဖို့တော့ […]


သူတို့ရောက်ရှိနေသောနေရာသည် မေလ(၂၉)ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲငယ်တစ်ခုဖြစ်ပွားရာနေရာတစ်ခုဖြစ်သည်။ ဖားပြင် ဆုတောင်းကုန်းနှင့် တောင်ဘက် ဥရုချောင်းကြားရှိ ဖားပြင်ရွာအထွက်တွင်ဖြစ်နေသည်။ အပြန်အလန် ပစ်ခတ်နေကြသည်က ဥရုချောင်းတစ်ဘက်ကမ်းမှဖြစ်သည်။ ဦးခေါင်းထက်ဆီမှ သေနတ်သံများသည် ကြက်သီးထဖွယ်လိလိ။ သူတို့လေးဦးသား မြေပြင်တွင် ဝပ်ချလိုက်သည်။ လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးစ နှစ်စီးစကတော့ အရဲစွန့်သွားလာလျှက်ရှိနေသည်။ သူတို့ လေးဦး မထွက်ရဲသေး။ ကားတစ်စီးတစ်လေမှ ဖြတ်သွားသည်ကိုမတွေ့ရ၍ အခြေအနေကိုစောင့်ကြည့်နေရသည်။ သူတို့ကို ကုမ္ပဏီရှိ လူကြီးများကလည်း မျှော်နေကြလိမ့်မည်ဟု သိသည်။ ဖုန်းပါလာ၍ဆက်ကြည့်သော်လည်း အချိန်အခါမရွေး လူကြီးမင်းနှင့်တွေ့နေရသောကြောင့် အရေးထဲအရာပေါ် စိတ်ဓါတ်တွေ ကြရပြန်သည်။ “ဘယ်လိုလဲ ဆက်သွားကြမလား” သူ့အမေးကို ဘယ်သူမှ မဖြေကြ။ ဇော်သန့်က “အခြေအနေ စောင့်ကြည့်ပါဦး တော်တော်ကြာ ကားကို လှမ်းပစ်လိုက်လို့ ဒုက္ခတွေများကုန်ပါ့မယ်” “ဟုတ်တယ် နေပါဦး ကျွန်တော်တို့ရောက်နေတာ ပစ်ကွင်းကြီးနော်။ […]


အချိန်က နေ့လည် တစ်နာရီ မိနစ်(၂၀)။ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်။ မွန်းလွဲနေသည် ပူပြင်းလျှက်ရှိသည်။ မိုးမရွာသဖြင့် ဩဂုတ်လ နေသည် အတော်လေးကို စွာနေ၏။ သူတစ်ယောက်တည်း အခန်းထဲတွင် ရှိနေချိန်ဖြစ်သည်။ ထိုစဉ်မှာပင် အင်ဒြူး တစ်ယောက် အခန်းထဲသို့ အပြေးတစ်ပိုင်းရောက်လာပြီး “ကိုသော်ဇင် ဘာလုပ်နေတာလဲ အထုပ်အပိုးတွေ ပြင်တော့လေ” “ဘာကိစ္စပြင်ရမှာလဲကွ မင်းကလည်း စကားပြောတာ အစ မရှိ အဆုံးမရှိ” “အေးဆေးလုပ်နေ ဟိုမှာ သူများတွေ အထုပ်အပိုးတွေပြင်နေကြပြီ” “ဟေ” “ဟုတ်တယ် အစ်ကို ဒီမှာ မနေရတော့ဘူးတဲ့ ၁ဝယောက်ထပ်ပိုနေလို့မရဘူးတဲ့ ကျွန်တော်တော့ မနေခဲ့တော့ဘူး အစ်ကိုရော” သူ အတော်လေးကို ထူပူသွားပါသည်။ အခြေအနေက ရုတ်ချည်းပါလား။ သူ ယခုလိုအခြေအနေဖြစ်လာလိမ့်မည်ဟု မထင်ထား။ ယခင်အပတ်ကတော့ သူတို့အနီးအနား ကုမ္ပဏီများတွင် […]