ကြောင်လေးDecember 30, 20111min1609
တွန်းလိုက်ကြစို့ ရွာသားတို့…………. အဲယားမွန်း၊ဖုံလုံ၊ချွေးအိတ်၊ ကားကြီးတစီးဟာ   ကျောက်ချောခင်းအဝေးပြေး လမ်းမကြီးမှာ တရွေ့ရွေ့ မောင်းနှင်လာပါတယ်။ ကားကြီးရဲ့နာမည် ကတော့ “တိုးတက်ရေး” တဲ့ ။ နာမည်လိုက်ပါတယ်၊ ရှေ့ပိုင်းမှာသာ ချောင်ချောင်ချိချိဖြစ်ပြီး နောက်ပိုင်းမှာတော့ ကုန်တွေ ကြားကို တိုးတက်ရတာပါ၊ ထုိုင်ခုံတွေ အောက်မှာလည်း ငါးခြောက်အိတ်၊ ပုဇွန်ခြောက် အိတ်တွေနဲ့မို့ ကားစီးသူများဟာ ခုံပေါ်မှာ တင်ပါးနဲ့ ပေါင် တသားတည်းဖြစ်အောင်  ခြေထောက်ချပြီး သက်တောင့် သက်သာလိုက်ရတာမဟုတ်ပါဘူး၊ ဒူးနှစ်လုံး ထောင် ပြီး မြီးညှောင်းရိုးနဲ့ ထိုင်လိုက်ရတာပါ။ ခုံနှစ်တန်းရဲ့ အလယ်လမ်းမှာလည်း စီချထားတဲ့အိတ်တွေပေါ်မှာ ကော်ခုံလေးတွေချထားပြီးအလယ်လူတင်ပါသေးတယ်။ ဒါကြောင့် တက်တဲ့ လူတွေ က တိုးတက်ရတာပါ၊ ဪ မဖွင့် ဖြိုးသေးတဲ့ မြို့လေးက ကားပဲ ဒီလောက်တော့ရှိမှာပေါ့။ ကားပိုင်ရှင် […]