တောက ကိုရင်December 31, 20121min974
ကန့်လန့်ကာကို ဖွင့်လှစ်ခြင်း (နှစ်သစ်ကို ကြိုဆိုခြင်း) HAPPY NEW YEAR! http://vn247.net/flash/Relax/Happy-new-year.swf နှစ်သစ်ကို ကြိုတော့မယ် နှစ်ဟောင်းက ငိုစရာတွေ ချန်ခဲ့… အရင်ရက်က အလွမ်းလက်ကျန် မနက်ဖန်ကို သယ်မလာနဲ့… နေခြည်ပျို့တဲ့ မနက်ခင်း သူမကိုယ်တိုင် ထွန်းလင်းစေ… အတိတ်တွေ စိတ်တွေ ပိတ်နေတဲ့ အာရုံတွေကို ဖွင့်ချ (ဇန်နဝါရီက စလို့) ကဏ္ဍအသစ်တစ်ခုဆီသို့ လျှောက်လှမ်း ၃၆၅ ဇာတ်ဝင်ခန်းမှာ… နာကြည်းစရာ မုန်းတီးစရာ အငြိုးအာဃာတတွေကို တံခါးပိတ် စိတ်ပျက်ခဲ့ရတာတွေကိုလည်း သော့ခတ် တစ်မိုးသောက်လို့ အရုဏ်တက်ချိန်တိုင်း ပန်းများစွာ ပွင့်ဝေ ရနံ့တွေ ထုံသင်း လေပြင်းညှင်းက ညင်ညင်သာ… ကြည်နူးချမ်းမြေ့နေပါသော စိတ်နဲ့ ငြိမ်ချမ်းသိမ်မွေ့စွာ နိုးထ လောကကြီးကို အလှတွေနဲ့တန်ဆာဆင် တစ်ဆံခြည်မျှ မလပ် ခန္ဓာကိုယ်တစ်ခုလုံး […]