manawphyulayJuly 7, 20121min35829
ရှင်… ကျွန်မလား။ စာရေးဆရာမပါ။ တစ်ချို့ကတော့ ဆရာမလေးလို့ ခေါ်ကြပါတယ်။ နာမည်လား။ မနောဖြူလေးပါတဲ့။ မကြားဖူးပါဘူး ဟုတ်လား။ သိပ်လည်း စဉ်းစားမနေပါနဲ့။ အဲ အထင်လည်း ကြီးမနေနဲ့ဦးနော်။ ကျွန်မက မတောက်တခေါက် ဟိုအကြောင်းဒီအကြောင်းကို စိတ်ထဲရှိသလို ချရေးတာပါ။ အင်းလေ ရှင်တို့ မဖတ်ဖူးတာ မဆန်းပါဘူး။ မဖတ်ဖူးလို့လည်း ဘာမှမပြောပါဘူး။ ကျွန်မရေးတဲ့နေရာလေးက ကျွန်မ ပျော်မွေ့နေတဲ့ ရွာလေးတစ်ရွာတည်းမှာဆိုတော့ ဘယ်သိကြမလဲနော့။ ကျွန်မကိုယ် ကျွန်မလည်း စာရေးဆရာမလို့ အရင်ထဲက သတ်မှတ်မထားခဲ့ပါဘူး။ စာရေးဆရာမ ဖြစ်လောက်အောင်လည်း စာပေအရေးအသားကို ထဲထဲဝင်ဝင် ရေးတတ်တဲ့သူမှမဟုတ်တာ။ ငယ်ငယ်တုန်း ကတော့ ပြောရရင် ရ တန်းတက်ထဲက စာဖတ်ဝါသနာတော့ အတော်ပါလားသားရှင်။ ဪ… ဟုတ်ကဲ့။ ခုလို ဟိုမရောက်ဒီမရောက် ရေးတတ်ပုံလေး ပြောပြရမှာလား။ ဖြစ်ပါတယ်ရှင်။ […]