nwelinooDecember 14, 20101min1051
“လာမည့်ဘေးပြေးတွေ့” ဟူသည့် ထိုစကားမှာ နယ်ချဲ့အင်္ဂလိပ်တို့၏ အောက်တွင် ကျွန်ဘဝအဖြစ် ရောက်ရှိနေစဉ်ကာလ အတွင်းမှာ ပေါ်ပေါက်လာတဲ့ စကားဖြစ်ပါတယ်။ နဂို စကားက “လာမည့်ဘေး ဝေးကရှောင်” လို့ပဲ ရှိတာပါ။ ကျွန်ုပ်တို့ နိုင်ငံသားတွေဟာ အင်မတန် မျက်နှာငယ်ရ၊ ကြောက်ရ၊ ရွံ့ရ၊ နှိမ့်ချခံရနဲ့ စိတ်ဓာတ်တွေ လုံးလုံးပျက်ပြားပြီး ကျွန်ဖြစ်ကြရတာပါ။ ကျွန်တောင်မှ နိမ့်ဆုံးက ကျွန်အဆင့်ထိ နှိမ့်ချခံခဲ့ရတာ။ ချုပ်တန်းဆရာရဲ့ ကဗျာထဲမှာတောင် တစ်တစ်ခွခွ ရေးထားပုံက (ကုလားမြင် သူ့မေ လုတော့မလို၊ ခု မြေလျှိုးပုန်းရှောင်) ပါတဲ့။ ဒီလို ကျွန်ခေတ်ကြီးမှာ “လာမည့်ဘေး ဝေးကရှောင်” ဆိုတဲ့ စကားက ကျွန်တွေရဲ့ လက်စွဲစကား တခုဖြစ်နေတော့တာပေါ့။ ပြဿနာလည်း မဖြစ်ချင်၊ ဖြစ်ရင်လည်း မှန်မှန်မှားမှား ကိုယ်ကသာ ရှုံးရမှာဆိုတော့ […]