စေနDecember 13, 20101min1267
from Nine Nine SaNay by နိုင်းနိုင်းစနေ စိတ်နေသဘောထားနဲ့ အပြုအမူ စိတ်ပညာရှင်တစ်ဦးက လူရဲ့ စိတ်နေသဘောထားဟာ အပြုအမူကို ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေကြောင်းကို သိချင်တာနဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ ပထမဦးဆုံး စိတ်ပညာရှင်ဟာ လူ(၁ဝ)ယောက်ကို သူ့ဦးဆောင်မှုနဲ့ မှောင်မည်းနေတဲ့ အိမ်တစ်အိမ်ထဲ ဖြတ်စေခဲ့တယ်။ လူ(၁ဝ)ယောက်လုံး အောင်အောင်မြင်မြင် ဖြတ်ကျော်ခဲ့ကြတယ်။ အဲဒီနောက် စိတ်ပညာရှင်ဟာ အိမ်ထဲမှာရှိတဲ့ မီးတစ်လုံးကို ဖွင့်လိုက်တယ်။ ဝါကျင်ကျင် မီးမှိန်မှိန်အောက်မှာ အိမ်ထဲက အရာဝတ္ထုတွေကို တွေ့မြင်ပြီးနောက် လူ(၁ဝ)ယောက်လုံးဟာ ကြက်သီးဖြန်းဖြန်း ထသွားမိကြတယ်။ အကြောင်းက အိမ်ရဲ့အောက်မှာ ရေကန်တစ်ကန်ရှိပြီး ကန်ထဲမှာ မိကျောင်းတွေကိုမွေးထားတယ်။ ကန်ပေါ်မှာ တံတားငယ်လေးတစ်ခုရှိပြီး သူတို့က အဲဒီတံတားကို ဖြတ်လျှောက်ခဲ့လို့ဖြစ်တယ်။ စိတ်ပညာရှင်က “အခု မင်းတို့(၁ဝ)ယောက်ထဲက ဒီတံတားကို […]