လွန်ခဲ့သော ၂၀၀၆ ခုနှစ်က သံတွဲမြို ့အကျဉ်းထောင်ထဲကနေ နာမကျန်းဖြစ်လာတဲ့လူနာ တစ်ယောက် ခြေကျဉ်းခတ်လျှက် သံတွဲဆေးရုံမှာ ဆေးကုသဖို ့ထွက်လာပါတယ်။ကုသလို ့ ဘယ်လိုမှမရတဲ့ အတွင်းတက်ရောဂါ(အသေးစိတ်ကိုနောက်မှပြောပြပေါ့မယ်)နဲ ့ကွယ်လွန် သွားခဲ့ပါတယ်။သူနဲ ့အတူတူ ရှမ်းပြည် SNLD က ဦးခွန်ထွန်းဦးတို ့အဖွဲ ့တွေတသီကြီး ထောင်နန်းစံရပါတယ်။သူကတော့ ရှမ်းမျိုးဆက်သစ်လူငယ်များအဖွဲ ့က သချင်္ာမြင့်သန်း(ခ) ဦးမြင့်သန်း(တောင်ကြီး)ဘဲဖြစ်ပါတယ်။ သူဟာ သံတွဲအကျဉ်းထောင်မှာ ထောင်ဒဏ်(၇၉)နှစ်ကျခံနေရသူတစ်ယောက်ဖြစ်ပါ တယ်။ကွယ်လွန်သွားချိန်ထိ(ဆေးကုသမှုခံယူနေရစဉ် ကာလတလျှောက်လုံး)ခြေကျဉ်းခတ် လျှက်တန်းလန်းနဲ ့ပါ။သူကွယ်လွန်ချိန်မှာ ကျွန်တော်တို ့လက်ပေါ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူမြင်တွေ ့ချင်ခဲ့တဲ့ ခုလို ပွင့်လင်းညင်သာတဲ့ အချိန်အခါကို လည်းအလွဲကြီးလွဲသွားခဲ့ပီပေါ့။ သူ ့အတွက်နောက်ဆုံးအနေနဲ ့သူ ့အတွက် ကဗျာတစ်ပုဒ်ကို ကဗျာဆရာ/နိုင်ငံရေးသ မားကြီးတစ်ယောက်က ရေးစပ်ပေးခဲ့ပါတယ်။ဖတ်ရှုအားပေးကြပါဗျာ။ *ရှမ်းပြည်က ချယ်ရီ ထုံသင်းလို […]