naywoon niJanuary 25, 20136min17813
Facebook အကြောင်းမပြောခင် g-talk အကြောင်းကိုပြောရရင် ပိုပြီးသဘာဝကျမယ်ထင်တယ် …။ ဂျီတော့ဆိုတာက လူတိုင်းသုံးနေကြတာပဲ….။ ဒါပေမဲ့ တစ်ချို့က password မပြောင်းတတ်ဘူးတဲ့…။ ကိုယ့်အကောင့်ရဲ့ recovery account ကဘာလဲမသိဘူးတဲ့ ….။ ဂျီတော့မှာ အကာင့်အက်ရုံ စကားပြောရုံ ကြူ ရုံ သက်သက်လေး သုံးတတ်ကြတာ ….။ ဒီထက်ပိုဆိုးတာက မေးလ်ဘယ်လိုဖွင့်ရမလဲ လာလာမေးကြတာပဲ…။ ခက်ဖူးလား …..။ https://mail.google.com/mail/?tab=wm ဒီလိပ်စာကိုအမြဲ ဆောင်ထားပေးနေရတာကအလုပ်တစ်ခု….။ ဒီလိုလူမျိုးတွေ က အကောင့်ပျောက်ရင် ပြန်ရှာမနေတော့ဘူး …။ နောက်တစ်ခု ရှာသုံးလိုက်တာပဲ…။ အဲဒိထဲမှာစိတ်ညစ်စရာ အကောင်ဆုံးက အကောင့်တစ်ခုကို နှစ်ယာက် ဒါ့ထက်ပိုပြီး သုံးလေးယောက် အထိ ဝေမျှ သုံးနေကြတာပဲ…။ တွေ့နေရတာကတော့ ဒီအကောင့် ဒီအကောင့်ပဲ ဒါပေမယ့် တစ်ခါလာ တစ်ယောက်ပြောင်း […]


naywoon niAugust 5, 20121min32411
ကျွန်တော် ငှားကြည့်ဖြစ်ခဲ့တဲ့ နောက်ကြည့်မှန် တစ်ချပ်………… ဝါဆိုလပြည့် နေ့က တစ်နေကုန်အားနေတာနဲ့ ပျင်းပျင်းရှိ အငတာနက်ဆိုင်မှာပဲ အချိန်ကုန်သွားတယ်…။ ဟာ…ဗျာ ချက်တင်ထိုင်ဖို့ နေနေသာသာ ဂျီတော့ တောင်မပွင့်လို့ရယ်…..။ မေးလ်တော့ ဟိုလှည့်ဒီလှည့်နဲ့ ဖွင့်လို့ရတယ်…။ ဒါနဲ့ သစ်ထူးလွင်ထဲ သွားပြီးစာဖတ်…။ အဲဒိကနေ လင့် တစ်ချိုကိုထောက်ပြီး ဟိုမွှေ ဒီနှောက်နဲ့ ဒီမိုဝေယံ ထဲ ရောက်သွားပါရောလား…။ အဲဒိမှာ စာအုပ်တွေ တင်ထားတဲ့ နေရာကို ဖွင့်ကြည့်လိုက်တော့ လားလား………။ နယ်မှာ ဝယ်ဖို့ မပြောနဲ့ ရန်ကုန်မှာတောင်တောင်မှ နာရီပိုင်းအတွင်းကုန်သွားတယ်ဆိုတဲ့ ကိုမင်းကိုနိုင်ရဲ့ နောက်ကြည့်မှန် ကို သွားတွေ့တယ်…။ ဒါနဲ့ ဒေါင်းလောဒ် ဆွဲယူလိုက်တယ်…။ ဒီပြင် ကောင်းနိုးရာရာ တွေ ကိုပါ တစ်လက် စထဲ ဆွဲပစ်လိုက်မိတယ်…။ ပြိးတော့မှ […]


naywoon niJune 29, 20121min21817
ဆဲတဲ့ အကြောင်းနဲ့ ပတ်သက်ပြီလိုက်ရှာကြည့်တော့ သုခမှတ်စု စာမျက်နှာ 205 နဲ့ 206 မှာ ဒီလိုတွေ့တယ်…။ ရဟန်းတို့ ဆဲရေးခြင်း ၁ဝ ပါး။ ၁။ ဇာတိ = ယုတ်မာသောအမျိုးဟု ဇာတိကိုပြ၍ ဆဲရေးခြင်း ၂။ နာမ = ယုတ်မာသောအမည်ကို ဖော်ခြင်း ၃။ ဂေါတ္တ= ယုတ်မာသောအနွယ် ၄။ ကမ္မံ = ယုတ်မာသောအမှု ၅။ သိပံ္ပ = ယုတ်မာသောအတတ် ၆။ အာဗာဓ= ယုတ်မာသောအနာ ၇။ လိင်္ဂ ိ ကံ = ယုတ်မာသောအသွင် ၈။ ကိလေသာ = ယုတ်မာသောကိလေသာ ၉။ အာပတ္တိ = ယုတ်မာသောအာပတ် ၁၀။ အက္ကောသော= […]


naywoon niJanuary 26, 20121min1135
မဆုံးတဲ့သီချင်း………၄၄ သင်္ကြန်ပြီးတာတောင် မသိလိုက်ရဘူး…။ မွေးသဖခင်ဆင်းရတဲ့ရွာတွေ လိုက်သွားရတာနဲ့…..။ သင်္ကြန်တွင်း စလင်းမှာရှိနေလည်း ဘယ်မှသွားစရာရှိတာမှမဟုတ်….။ ရွာတွေလိုက်နေရတာပဲကောင်းပါတယ်….။ သင်္ကြန်အတက်နေ့က ဧရာဝတီ မြစ်ထဲမှာ….။ လှေနဲ့ …။ လှေက သိပ်မကြီးလှဘူး…။ လေးယောက်ပဲစီးလို့ရတယ်…။ မဲရွာကျွန်း ဆိုတဲ့ ရွာကိုသွားတာ…။ ကိုပြည်ကျော်ပါလာတယ်…။ တစ်ဖျစ်တောက်တောက်နဲ့…။ “ ဆရာ ကြီးမှူးက ဘာမှပြန်မပြောလို့ ခင်မောင်စိန်က လူလယ်လုပ်လွှတ်လိုက်တာ…။ ဒီရွာက အရင်တုန်းက ည အိပ်ရင် အောက်က လှံနဲ့ ထိုးလို့ ပေပါခွံတွေ ဖြန့်ပြီး ခင်းအိပ်ရတဲ့ရွာ…။ သူတောင်တစ်ခေါက်မှ မရောက်ဖူးဘူး…။ ပြီးတော့ ဘဏ်လုပ်ငန်း မှာ လှုပ်ရှားသက်ဝင်မှု (active) ဖြစ်နေတဲ့ရွာလည်းမဟုတ်ဘူး…။ ကျွန်တို့တို့ရုံးနဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီ…။” အဲဒိရွာက မြစ်လယ်ခေါင်မှာ …။ အရင်ကတော့ ကုန်းမြေ တစ်ဆက်ထဲပေါ့…။ နောက်ပိုင်း […]


naywoon niDecember 19, 20111min933
မဆုံးတဲ့….သီချင်း (၄၃) နောက်သူတို့ဆီက တစ်ချို့ အသုံးကိုလည်း မှတ်ရသေးတယ်….။ မီးခြစ်ကို မီးဂတ် …..။ ဓါတ်မီးကို ဒုတ်မီး ဖယောင်တိုင်ကို မီးတိုင်….။ အဲဒါတော့ ချက်ခြင်းမှတ်မိသွားတယ်….။အဲ အနှုတ်လည်ပေးပါဆိုတာကြတော့ အကြွေခတ်ချင်လို့ တဲ့ …။ မြို့အနေအထားအရ မြို့သက်ရှည်နေပေမဲ့ သိပ်မတိုးတက်သေးဘူး…။ အဓိကတော့ လမ်းပန်းဆက်သွယ်ရေးကြောင့် လို့ ထင်တယ်…။ လမ်းတွေကမကောင်းဘူး….။ လမ်းတွေက မကောင်းတော့ ကားကောင်းကောင်းမရှိဘူး…။ ပိုက်ဆံရှိတဲ့ သူဌေးတွေ ရှိသတဲ့….။ ကားဝယ်စီးနိုင်ပေမဲ့ ဒီဘက်ယူမလာဘူး….။ မကွေးလိုနေရာမျိုးမှာ ထားပြီးလိုင်းပြေးနေတယ်…။ ရန်ကုန်မှာဝယ်ထားတယ်…။ တောင်သူ များတဲ့ အရပ်ဒေသပေမယ်လို့ အရင်နှစ်က ကြက်သွန်ဈေးကောင်းခဲ့လို့ ပိုက်ဆံတော်တော်ရခဲ့ကြတာပေါ့….။ နွားစာနဲ့ ထင်းရအောင် စိုက်ခဲ့တဲ့ ပဲစဉ်းငုံကလည်း ဈေးကောင်းရခဲ့ကြပေါ့……။ မကောင်းတာက ဝန်ထမ်းတွေပါပဲ….။ 1989 -ဧပြီမှ စပြီး လစာတိုးပေးတယ်ဆိုပေမဲ့ […]


naywoon niAugust 29, 20111min730
“ ငါတို့ မေဂျာက မနက်ဖြန်နားတယ်..။ သဘက်ခါမှ မေဂျာဖြေရမှာ…။ ခါသီးစွာတစ်နှစ်ပြီးဖို့ နောက်ထပ် 48 န ာရီစောင့်ရဦးမှ ာ…။ တဲ့ သူက မြန်မာစာ မေဂျာ..။ ဝါသနာ ပါလို့ယူထားတာ …။ ဝင်ခွင့် အမှတ်စဉ်မှာ နံပါတ် 3 ..။ သူ့အထက်က နှစ်ယောက်က မြန်မာနိုင်ငံသားမဟုတ်သူတွေလေ..။ သူတို့က အသက်မွေးဝမ်းကျောင်းတက္ကသိုလ် လျှောက်လို့ မရလို့ မျက်စေ့လည်ပြီး မြန်မာစာ မေဂျာ ရသွားတာ…။ သူ့မေဂျာက ကျောင်းသားတွေနဲ့ သူ့ဆရာမတွေကို ကြည့်ပြီး စိတ်ပျက်နေတဲ့သူ…..။ ဒီလိုဒီလိုနဲ့ ဘွဲ့တွေရသွားပြီး ဒီလက်မှတ်တွေက မင်္ဂလာဆောင်နဲ့ နာရေးပဲ သုံးလို့ရတာလို့ ခါးခါး သီးသီးပြောခဲ့သူ..။ ဒီအချိန်မှာပဲ လ္ဘက်ရည်နဲ့ ပလာတာတွေလာချပေးတယ်..။ “ ကိုအောင်ဂျမ်း စားနော် မိမာရှင်းမှာ […]


naywoon niAugust 17, 20111min610
နေဝန်းနီက နေ့လည်ခင်းက ဆရာ သိန်းထွန်း ပေးလိုက်တဲ့စာရွက်လေးကို မိမာကိုပေးလိုက်တယ်..။ မိမာက ကြည့်ရင်းနဲ့ — “ နှစ်ပုဒ်ထပ်ကျက်ရဦးမယ ကျန် တာတွေက ကျက်ပြီးသား …..နင်ကော” “ မကျက်တော့ဘူးဟာ….။ လေးပုဒ် ကျက်ပြီးသား တော်ပြီ လေးပုဒ်ဆိုရင်… အောင်မှတ်ထက် အများကြီး ပိုနေပြီ… တော်ရောပေါ့…။” နေဝန်းနီ ကအဲဒိလိုအကောင်…။ မိန်းကလေးနဲ့ ယောက်ျားလေး ကွာခြားတာလဲ ဒါပါပဲ..။ နှစ်ယောက်စလုံး စာမေးပွဲအောင်ချင်တာပဲ..။ အောင်ဖို့လည်း စာကျက်နေတာပဲ..။ ပြီးတော့ ဒီစာမေးပွဲက ဘာမှလုပ်လို့မရဘူးဆိုတာလည်း သိနေကြတာပဲ..။ အဲဒိလို အတွေးတွေနဲ့ ကြိုးစားချင်စိတ်ကို ချိုးပစ်လိုက်တာ…။ ဒါပေမဲ့ မိမာက မေးသမျှ အားလုံးကိုဖြေချင်တယ်..။ ဒါမှအောင်မှတ်သေချာမယ်ပေါ့…။ နေဝန်းနီ က တစ်ပုဒ်ချင်း ပိုင်ပိုင်နိုင်နိုင် ဖြေဖို့ပဲ အားထုတ်တယ်..။ စာတစ်ပိုဒ်ကို […]


naywoon niJuly 21, 20111min992
ကိုလင်းသူက အရက်တစ်ခွက်ကို ဆွဲယူပြီးနေဝန်းနီ ကိုပေးတယ်…။ သူကလည်းတစ်ခွက်ဆွဲယူပြီး ရေနဲနဲ ထပ်ထည့်လိုက်ပြီး တစ်ငုံ သောက်လိုက်တယ်..။ အရက်ကို ချက်ချင်း မြိုချသောက်လိုက်တာတော့ မဟုတ်ပါဘူး..။ ပါးစပ်ထဲမှာ ငုံထားပြီး မှ ဖြေးဖြေးချင်း မြိုချလိုက်တာပါ….။ ပြီးတော့ အခန်းအပြင်ဘက်ထွက်သွားတယ်..။ ခဏနေတော့ စာအုပ်တစ်ထပ် ကိုင်ပြီး ပြန်ဝင်လာတယ်…။ နေဝန်းနီကို ပေးတယ်…။ ပြီးတော့မှ…. “ ငါတို့ မြန်မာ ကဗျာမှာ ရာသီဖွဲ့ ကဗျာဆိုတာရှိတယ်..။ နောက် ပန်းကိုဖွဲ့တယ်..။ တော တောင် ရေေမြေဖွဲ့တယ်..။ နောက် မယ်ဖွဲ့ မောင်ဖွဲ့ ဘုန်းတော်ဖွဲ့ဆိုတာတွေ ရှိခဲ့တယ်..။ နောက်ခေတ်ပေါ်ကဗျာမှာ အနုပညာဟာ ပြည်သူအတွက် ဖြစ်ရမယ်လို့ ခံယူပြီး ပြည်သူတွေရဲ့ ခံစားချက်တွေကို အရှိကို အရှိအတိုင်း အမြင်ကို အမြင်အတိုင်း တစ်ပြေးညီ […]


naywoon niJuly 19, 20111min983
ညနေခင်း အဆောင်ကထွက်လာတော့ ကိုမြင့်ဇော်က “ ဒိနေ့ သိပ်သောက်မလာနဲ့ဦး..။ ကိုယ့်ဟာကိုယ် ထိန်းသောက် ကိုယ့်ဟာကိုမှ မထိန်းရင်ဘယ်သူမှလာထိန်းမှာမဟုတ်ဘူး…။ ကိုယ့်အကြောင်းကိုယ် အသိဆုံး..။ ကိုယ်ဘယ်လောက်သောက်ရင် ဘယ်လိုမူး နိုင်မယ်ဆိုတာ သိ..။ နို့မို့ဆို အရက်ဆိုတာ …မအိုဆေးဖြစ်သွားလိမ့်မယ်..။ မအိုဆေး…ဆိုတာကောသိရဲ့လား? အရက်ကို ချင့်ချိန်မသောက်တဲ့သူတွေဟာ ဘယ်သူမှ အ်ုအောင်မနေရဘူး.။ အရွယ်ကောင်းတုန်း သေသွားကြတာချည့်ပဲ..။ ဒါကြောင့် အိုအောင်မနေရလို့ မအိုဆေးလို့ပြောတာ” အော်… အရက်ဆိုတာက မအိုဆေးတဲ့လား? ကိုလင်းသူရဲ့ ဆိုင်ကိုရောက်တော့ ကိုလင်းသူရဲ့ညီ ကိုဇော်နဲ့တွေ့တယ်..။ “ ကိုနေ အဆင်သင့်ပဲနော်…။ နောက်ခန်းထဲမှာ ဒရိုင်းဂျင် ထောင်ထားတယ်..။ အကိုကြီးက ကိုနေ့ကို ဂုဏ်ပြုမလို့တဲ့ ဆူစရာလည်းရှိတယ်လို့ပြောနေတယ်ဗျ..။ “ “ ခုသူဘယ်သွားလဲ” “ သံပုရာသီး သွားရှာလေရဲ့..။ ဆိုင်မှာထားတဲ့ သံပုရာသီးကို ညီမလေးက […]


naywoon niJuly 3, 20111min1000
အဲဒိတော့ ဆရာတစ်ခွက် တစ်ပြည့် တစ်ခွက်သောက်ဖို့ရာ အဆောင်ကိုပြန်လာရသေးတယ်..။ အရက်ဆိုင်မှာ ကိုမျိုးတို့နဲ့ချည့် လစ်မစ်ကုန်အောင် သောက်ပစ်လို့ မဖြစ်ဘူးလေ…..။ ကိုမြင့်ဇော်က မူးလာရင် အလွမ်းသီချင်းဆိုပြီး သီချင်းကိုခံစားပြနေသေးတယ်…..။ ဘယ်နေရာမှာ ဘယ်လိုအကြောင်းအရာကို ဘယ်လိုရေးထားတာ ဘာညာ ပေါ့……။ နေဝန်းနီတို့က တော့ အဲဒိလို အလွမ်းသီချင်းတွေ (မြန်မာသံစဉ်)သီချင်းတွေ မကြိုက်ပါဘူး..။ အဲဒိအချိန်က ပလေးဘွိုင်တို့…. ကိုညီထွဋ် (ဇော်ဝင်းထွဋ် )တို့ ချစ်ကောင်းတို့လောက်ပဲ ကြိုက်တာ..။ နားထောင်တာလေ….။ ဇော်ဝင်းထွဋ်တို့ ချစ်ကောင်းတို့က အခွေထွက်ကာစ ….။ ဦးကျော်သီချင်းတွေ အကြောင်းပြောရင်းက ကော်ပီ သီချင်းတွေရေးတဲ့ မင်းလေးမင်း အကြောင်းရောက်လိုရောက် ………။ အဲဒိအကြောင်းကိုပြောပြတာက ချစ်ခင်ရတဲ့ အကိုကြီး ကဗျာဆရာ လင်းသူပြောပြတာလေ…။ မန္တလေးက ကဗျာဆရာပဲ…။ ( အဲဒါပြီးမှဆက်ပြောပြမယ်…။ ) နေဝန်းနီ […]


naywoon niJuly 1, 20111min1684
ကိုမျိုးက စာတွေ ကဗျာတွေ စိတ်ဝင်စားတာမဟုတ်ဘူး။ သူစိတ်ဝင်စားတာက ဂျိန်းစ်ဘွန်းကားတွေ…။ ပြီးတော့ ရွှေတူးတာတဲ့..။ သူတိုဆီက အိမ်သာကျင်းတူးရင်တောင် ရွှှေထွက်တယ်တဲ့…။ ပြောတာပဲ..။ ကိုယ်မှမရောက်ဖူးတာ….။ ငယ်လည်းငယ်သေးတယ်..။ ဒေသန္တာရ ဗဟုသုတလည်းမရှိဘူး..။ အကိုးနဲ့ အကားနဲ့ လာပြောတော့လည်း ပါးစပ်ဟပြီး နားထောင်နေရတာ……။ သူပြောတဲ့ အချိန်တုန်းကတော့မသိဘူး 1999 လောက်က နေဝန်းနီ ရောက်တော့ ငှက်ဖျားမိလို့ လူတောင်မနဲ တောင့်ထားခဲ့ရတာ..။ ဒီဘက်ရောက်မှပဲ ဟင်းးး ဘာမှမဖြစ်သေးဘူးလို့ သက်ပြင်းချနိုင်ခဲ့ရတာ….။ ရွှေကို မြစ်နားချောင်းနားမှာတင် မဟုတ်ဘူး ..။ မြေကြီးကိုလည်း အကွက်တွေ ဆွဲပြီးတူးကြတာတဲ့…။ တစ်ကျင်းနဲ့ တစ်ကျင်း ခြောက်လက်မ တစ်ပေ အဲဒိလောက်ပဲကွာတာတဲ့လေ…။ အဲဒိလိုတူးကြရင်းနဲ့ ကပ်နေတဲ့တစ်ကျင်းနဲ့ တစ်ကျင်း မြေကြီးအောက်မှာ ဘေးနံသားတွေ ဟိုဘက်ကနှိုက် ဒီဘက်ကနှိုက်နဲ့ ပေါက်ကုန်ရောတဲ့…။ အဆင်မသင့်ရင် […]