ယခုတင်ပြမယ့်ပိုစ်လေးကချစ်သူတွေနဲ့ ပတ်သက်တာမျိူးပေါ့  …။အဟိ..ချစ်သူဆိုတာနဲ့ ရင်ခုန်သွားပြီလား  …။နှလုံးသားရှိသူတိုင်းရင်ခုန်တတ်ကြတယ် ဆိုတာမထူးဆန်းပါဘူးနော်..။ဒီတော့ရင်ခုန်မိသူတိုင်းလည်း  အချစ်နဲ့မိတ်ဆွေဖွဲ့မိတာပေါ့လေ..။ဟုတ်တယ်ဟုတ်??? ခုချစ်သူတွေကြားမှာ ချစ်ခရီးသာယာဖြောင့်ဖြူးဖို့အတွက်  အဓိကကျတဲ့…..အချက်လေးတွေကို ပြောပြပေးပါ့မယ်နော်..။ဝန်ခံစရာရှိတာက အခုရေးလိုက်တဲ့ပိုစ်လေးကို  လေးစားချစ်ခင်ရတဲ့အကို စာရေးဆရာ ဘလော့ဂါအကို သူရဿဝါ ကလက်ဆောင်ပေးလာတာပါ..။အကို့ရဲ့စာစုလေးကို လေးစားဂုဏ်ပြုတဲ့အနေ နဲ့သူငယ်ချင်းမောင်နှမတွေ ဗဟုသုတရစေရန် အလို့ငှာ  ရည်သန်ပြီး  ခုလိုရေးသားလိုက်ရပါတယ်..။ ချစ်သူတွေအတွက် A to Z ကျနော်ဖတ်ခဲ့ဖူးတဲ့ စာလေးတစ်ပုဒ်ကို ပြန်ပြီးဖော်ပြချင်ပါတယ်။ ချစ်သူတွေအတွက် A to Z ရေးပြထားတာပါ။ ကျနော့်ရဲ့အမြင်လေးတွေကိုလည်း ရေးချပေးလိုက်ပါတယ်။ A- Absolutely adove each other ချစ်သူနှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် အပြည့်အဝ မြတ်နိုးခင်တွယ်ကြဖို့လိုပါတယ်။ ဒါမှလည်း တစ်ယောက်ရဲ့ စိတ်ထဲမှာ တစ်ယောက် ရာသက်ပန် နေထိုင်နိုင်မှာပေါ့လေ။ B- Be best […]