Shwe EiNovember 23, 20141min38134
(၁) စာသင်ခန်းသို့ ခြေလှမ်းကျဲကျဲလှမ်းဝင်သွားသော ဆရာ့ကို ဖျတ်ခနဲလှမ်းမြင်လိုက်ရသည်နှင့် ကျွန်မတို့ အုပ်စု ကန်တင်းမှ လွယ်အိတ်ကိုယ်စီဆွဲရွေ့ သုတ်ခြေတင်လာခဲ့ကျသည်။ ဆရာလက်ချာစပေးနေပြီ။ တံခါးပေါက်နှင့်အနီးဆုံး နောက်ဆုံးခုံတန်းမှာ ခပ်တည်တည်နေရာယူလိုက်ပြီးနောက် လွယ်အိတ်ကို ဖွင့်လိုက်တော့ လက်ချာလိုက်ဖို့ ဗလာစာအုပ်တစ်အုပ်တစ်လေတောင်မပါ။ ဂွတော့ကျဘီ။ ဘယ့်နှယ့်ကျောင့် ဖတ်စာအုပ်တွေကြီး ထည့်ပီးကျောင်းလာတက်မိပါလိမ့်။ ဘေးဘီဝဲယာမျက်လုံးကစားလိုက်တော့ အနိုင်ကျင့်လို့ရမဲ့တစ်ယောက်ကဘေးနားမှာ အခန့်သားထိုင်ပီး လက်ချာလိုက်နေပေပြီ။ S – ဟဲ့ ငရဲ နင့်စာအုပ်ပေး..ငါလက်ချာလိုက်မလို့ Y – ဟမ် ငါ့စာအုပ်နင့်ပေးတော့ ငါကဘာနဲ့ လက်ချာလိုက်ရမှာတုန်း S – ပေးဆိုပေးစမ်းပါ..ဟိုမှာ ဆရာကြည့်နေဘီ.. Y – အေး..အေး ယူဟာ ပြောတာမှ နောက်ကျနေသေးသည် စာအုပ်ကလက်ထဲရောက်နေပြီကို ပေကပ်ကပ်လုပ်နေသေးအိ။ Y – ဟဲ့ ငါကဘာနဲ့လက်ချာလိုက်မှာတုန်းဆို S – […]