smytu1996November 20, 20101min1706
ပြည်ထောင်စုလွှတ်တော်တွင် လွှတ် တော်အမတ် (၆၆၄) ဦးတွင် အတိုက်အခံအားလုံး (၆၂) ဦးသာရှိသဖြင့် (၁ဝ) ရာခိုင်နှုန်း ပင်မပြည့်တတ်ပေ။


smytu1996October 6, 20101min700
ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဝင်မယ့် ပါတီတွေထဲမှာ ကြံ့ခိုင်ရေးပါတီဟာ ကိုယ်စားလှယ်လောင်း အများဆုံး၊ ဒါအပြင် စစ်တပ်က ကျောထောက်နောက်ခံ ပေးထားပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဝန်ကလေးတွေ ဦးဆောင်နေတာမို့ လုပ်ပိုင်ခွင့်ကလည်း အရှိဆုံး ဆိုတာ ရှင်းနေပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ဟာ နိုဝင်ဘာ (၇) ရက်ဆိုပေမယ့် ရွေးကောက်ပွဲအဖြေက အခုကတည်းက ထွက်နေပြီလို့ ဆိုနိုင်ပါတယ်။ ၉၉.၉% နဲ့ ကြံ့ခိုင်ရေး ပါတီက အနိုင်ရရှိသွားကြောင်းပါဗျာ။


smytu1996September 29, 20101min951
ကြံ့ဖွံ့သန်းရွှေအုပ်စုဟာ နေရာတကာ လွှမ်းမိုးချင်ပါတယ်။ ပါးစပ်က ဘုရားဘုရား လက်ကကားယားကားယားဆိုတာ သူတို့ပဲ။ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိပေမယ့် သူတို့မတရားလုပ်တာကို ဒီမိုကရေစီအစစ်အမှန်လို့ ပြောနေပြန်ပြီ။ အနှစ် (၂၀) ကျော် ထင်သလိုအနိုင်ကျင့်ပြီး အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည်မှာ ရွေးကောက်တင်မြှောက်တဲ့အစိုးရ ပေါ်ထွက်လာမယ်ဆိုတော့ တော်သေးတာပေါ့လို့ မြင်သူတွေလည်း ရှိတယ်။ ဒါပေမယ့် အခြေခံဥပဒေ အခန်း (၁) မှာ ဖော်ပြတဲ့ နိုင်ငံတော် အခြေခံမူတွေဟာ တခုနဲ့တခု ဆန့်ကျင်ဘက်ဖြစ်နေတာကို နိုင်ငံခြားအစိုးရတွေ သတိမထားမိကြဘူးထင်တယ်။ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ညီမျှမှုဆိုတဲ့ လောကပါလတရားများ ထွန်းကားရေးနဲ့ အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ဦးဆောင်ရေးကို အစဉ်တစိုက်ဦးတည်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်လို့ အခြေခံမူမှာ ဖော်ပြထားတယ်။ စစ်တပ်ကြီးစိုးရေးနဲ့ လောကပါလတရား ထွန်းကားရေးဟာ ဆန့်ကျင်ဘက်အယူအဆ ဖြစ်နေတာကို […]