ဂ်စ္စူOctober 21, 20101min1184
မြန်မာနိုင်ငံ၌ ၂ဝ၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် ကျင်းပမည့် ဆီးဂိမ်း ပြိုင်ပွဲတွင် ပြိုင်ကားမောင်းပြိုင်ပွဲကို ထည့်သွင်းကျင်းပနိုင်ရန်စီစဉ် လျက်ရှိကြောင်း Galaxyပြိုင် ကားမောင်းကွင်းမှ သိရသည်။၂ဝ၁၃ ဆီးဂိမ်းတွင် ပြိုင်ကား မောင်းပြိုင်ပွဲကို ထည့်သွင်းကျင်းပ ဖြစ်ခဲ့ပါက ပြင်ပကုမ္ပဏီများနှင့် ပူး ပေါင်း၍ ကားမောင်းသမားများကို ပိုမိုစနစ်တကျလေ့ကျင့် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ပြိုင်ကားမောင်းကွင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။”ပြိုင်ကားမောင်းပြိုင်ပွဲထည့် သွင်း ကျင်းပသွားနိုင်ဖို့အတွက် သက် ဆိုင်ရာကိုတင်ပြထားပြီးပါပြီ။ ခွင့်ပြုချက်ရရင် ကစားသမားတွေ ကို စနစ်တကျရွေးချယ်လေ့ကျင့်ပြီး ယှဉ်ပြိုင်သွားမှာပါ။Galaxy ပြိုင်ကားကို လက်ရှိမှာ ၁၅ ယောက်လောက်ပဲ ကျွမ်းကျင်စွာ မောင်းနိုင်သေးတယ်၊ ပြိုင်ပွဲ ဝင် ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် တခြားကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးနိုင်ငံတကာ  စံချိန် စံညွှန်းမီမောင်းနိုင်အောင် လေ့ကျင့် ပေးသွားဖို့ရှိပါတယ်။ ကိုယ့်နိုင်ငံ […]