Shwe EiOctober 12, 20141min26916
ရွာသူားအားလုံးမင်္ဂလာဘာ ဒါဇင်ပလပ်စ် ပို့စ်တင်ဖို့ ပျက်ကွက်ခဲ့တာ ၃လလောက်ရှိပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရွာထဲကို စာဝင်မဖတ်ဖြစ်တာတောင် တစ်ပတ်က နှစ်ပတ် အချိန်ပိုစိပ်လာလို့ ရုံးပိတ်ရက် တစ်ရက် တတ်နိုင်သမျ အချိန်ဖဲ့ယူပြီး ပို့စ်တင်လိုက်တာပါ။ အရင်လို အလှူပို့စ် လစဉ်တင်ဖြစ်ဖို့ မသေချာတာကြောင့် အနဲဆုံး ၃လတခါလောက် ပေါင်းပြီး ပို့စ်တင်နိုင်အောင် ကြိုးစားပါ့မယ်လို့။ လတိုင်း မလိုက်နိုင်တဲ့ အလှူရှင်တွေ အတွက် လှူဖြစ်ခဲ့သမျ ကျောင်းတွေ မှတ်မိသလောက် အကျဉ်းချုပ်ဖေါ်ပြလိုက်ပါတယ်။ (၂၄) ကြိမ်မြောက် ဒါဇင်ပလပ်စ်အလှူ ဒဂုံဆိပ်ကမ်းမြို့နယ် ပါရမီဘုန်းတော်ကြီးသင် ပညာရေးကျောင်း (အစိုးရထောက်ပံ့မှုမှရှိသောကိုယ်ထူကိုယ်ထကျောင်း) (၂၅) ကြိမ်မြောက် ဒါဇင်ပလပ်စ်အလှူ သီလဝါသီလရှင်သင် ပညာရေးကျောင်း (သံလျင်) (အစိုးရထောက်ပံ့မှုမှရှိသောကိုယ်ထူကိုယ်ထကျောင်း) (၂၆) ကြိမ်မြောက် ဒါဇင်ပလပ်စ်အလှူ လိုတရဟင်္သာတကျောင်းတိုက် (ပရဟိတဓမ္မရိပ်သာ-လှော်ကား) (အစိုးရထောက်ပံ့မှုမှရှိသောကိုယ်ထူကိုယ်ထကျောင်း) အခုဆက်လက်ဖေါ်ပြမဲ့ […]