Zaw WonnaJanuary 19, 20111min1044
အခုခေတ်မှာ အပြောများလာနေတဲ့ Reduce (ဝယ်ယူမှုနှင့် သုံးစွဲမှုကို လျှော့ချခြင်း)၊ Reuse (ပြန်လည်သုံးစွဲခြင်း) Recycle (စွန့်ပစ်ပစ္စည်းဖြင့် ကုန်ချောထုတ်လုပ်ခြင်း) ဆိုတဲ့ 3R နဲ့ ပတ်သက်ပြီး စဉ်းစားမိတာလေးပါ။ ကျနော်တို့ မြန်မာတွေ အတွက်တော့ ဒီ 3R ဆိုတာကို ကျင့်သုံးလာခဲ့တာ ကြာပါပြီ။ ပြောရရင် စစ်ပြီးခေတ် ကတည်းက လေယာဉ်ကိုယ်ထည် သတ္တုကို ပန်းကန်ပြား လုပ်ပြီး သုံးစွဲတာ၊ ဗုံးကျည်ခွံတွေကို ဘုရားပန်းအိုး လုပ်တာ၊ ကားတာယာကို ဖိနပ်လုပ်တာ စသဖြင့် ရှိခဲ့ပါတယ်။ အဲဒီကားတာယာ တစ်မျိုးတည်းကနေ ထုတ်လုပ်တဲ့ ဖိနပ်၊ ရေပုံး၊ ပန်းအိုး၊ ကြိုး၊ လှည်းဘီးခွေ၊ ကုလားထိုင် စသဖြင့် အများကြီး ရှိပါတယ်။ အခုလက်ရှိ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ သံထည်၊ […]