တစ်ခါက ကျောင်းသားအရွယ် လူငယ်လေးတစ်ယောက်က ပစ္စည်းတစ်ခုကို အလစ်သုတ်ပါတယ် ကာယကံရှင်က သိပြီး ကယ်ကြပါဦး ဒီမှာ ပစ္စည်းခိုးသွားလို့ပါလို့လဲ အော်လိုက်ရော ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေဝိုင်းလာပြီးတော့ အလစ်သမားနောက်ကို လိုက်ပါတယ် ဘေးကလဲဝိုင်းအားပေးကြတယ် လိုက်ကွ ချကွ မိရင် အသေသာဆော်ပစ် နဲ့ပေါ့ ကောင်လေးလဲ လွတ်အောင်ပြေးပေမဲ့ နောက်ဆုံးတော့ လူအုပ်ကြီးရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ် အဲဒီမှာ သွေးဆူပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးက တစ်ယောက်တစ်လက် ဝိုင်းအားပေးလိုက်ကြတာပေါ့ မြင်ကွင်းကို် ကြည့်လိုက်တော့ ရိုက်၊နှက်၊ထိုး၊ကြိတ် နေကြတဲ့ လူတွေက လူကောင်ကြီးကြီး ထွားထွားတွေ နောက် လူကလဲအများကြီး အလစ်သမားဆိုတဲ့ ကောင်လေးကတော့ အသက်ကငယ်ငယ် လူကောင်ကသေးသေး အားလုံးရဲ့အားပေးတာကိုခံထားရတော့ သွေးတွေကလည်း မြင်မကောင်းပေါ့ စိတ်ဆိုး ဒေါသထွက်ပြီး ရိုက်မယ် ချမယ် ဆိုတဲ့ လူအုပ်ကြီးလည်း မြင်ရတဲ့ […]