ပစ္ဆိမာရုံ ကွန်ပျူတာပညာဒါန သင်တန်းကျောင်းသည် မြန်မာနိုင်ငံတွင်းရှိ လူငယ်များ၏ စုပေါင်းအားဖြင့် ဖွဲ့စည်းထူထောင်ထားသည့် တစ်ခုတည်းသော ကွန်ပျူတာပညာဒါန သင်တန်းကျောင်း ဖြစ်သည်။  ၂၁ ရာစု နည်းပညာဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍတွင် တိုးတက်ပြောင်းလဲမှု အမြင့်မားဆုံးဖြစ်သော ကွန်ပျူတာပညာရပ်ကို အခြေခံကာ စီးပွားရေး၊လူမှုရေး၊ပညာရေးလုပ် ငန်းများတွင် ပိုမိုအသုံးပြုလာကြသည်။ ထို့ကြောင့် ကွန်ပျူတာပညာရပ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ခြင်းအားဖြင့် ဘဝအသက်မွေးဝမ်းကျောင်းမှုအတွက် များစွာ အထောက်အကူ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ကွန်ပျူတာနည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အလျောက် ခေတ်လူငယ်များ အပါအဝင် လူတန်းစား မျိုးစုံတို့သည် ကွန်ပျူတာဘာသာရပ်ကို စိတ်ဝင်စားလာကြသည်။ အသက်မွေးဝမ်းကြောင်း ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလိုသော လူငယ်များအတွက် ရည်ရွယ်ကာ မိမိတို့ တတ်ကျွမ်းထားသည့် ပညာရပ်ကို လက်ဆင့်ကမ်း ဝေမျှပေးလာခြင်းကြောင့် “ စေတနာ၊ လုပ်အား၊ပညာ” ကို […]