introFebruary 7, 20111min580
နွေရာသီကျောင်းပိတ်ရက် နှင့် တိုက်ဆိုင်၍ ကျောင်းသား၊ ကျောင်းသူများအားလုံး အားလပ်ရက် အတွင်းတွင် အင်္ဂလိပ်ဘာသာအား အခြေခိုင်ခိုင် အဆင့်မြင့်မြင့် သင်ကြားလေ့လာနိုင်ရန်အတွက် ရည်ရွယ်၍ ဗြိတိသျှကောင်စီမှ နွေရာသီရက်တို သင်တန်းများကို ပထမဦးဆုံးအနေဖြင့် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။ အဆိုပါသင်တန်းများအား အသက်(၇) နှစ် မှ (၁၇) နှစ် အတွင်းကလေးများအားလုံး တက်ရောက်နိုင်ပြီး အသက်(၇)နှစ်မှ (၉)နှစ်၊ (၁၀)နှစ်မှ (၁၂)နှစ်၊ (၁၃)နှစ်မှ (၁၅)နှစ် နှင့် (၁၆)နှစ်မှ (၁၇)နှစ်အရွယ် ဟူ၍ အဆင့် (၄) ဆင့် ခွဲခြားဖွင့်လှစ်သွားမည်ဖြစ်သည်။ သင်တန်းများသည် လက်တွေ့လုပ်ဆောင်မှုများကို အခြေခံထားပြီး သင်ကြားမှု အထောက်အကူပြုပစ္စည်း မျိုးစုံကို အသုံးပြုမည် ဖြစ်သည့်အတွက် ကလေးများ၏ စိတ်ဝင်စားမှုကို ပိုမိုရရှိစေမှာဖြစ်ပါသည်။ ဥပမာအားဖြင် ့(၇) နှစ် မှ […]