dubai.jpg

zoxnetApril 30, 20101min1033
ယူအေအီးမှာဖြစ်သွားတဲ့ လူသတ်မှုတစ်ခုနဲ့ပတ်သက်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံသားတိုင်း စိတ်မကောင်းဖြစ်ကြရပါတယ်။ ဒီမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအပြင် မြန်မာနိုင်ငံက ဒီသတင်းကိုကြားတဲ့သူတိုင်း အဖြေမှန်ပေါ်လာဖို့ ဆုတောင်းနေကြပါတယ်။ နားစွင့်နေမိကြပါတယ်။ နိုင်ငံခြားမှာအလုပ်သွားလုပ်မယ့် လူငယ်တော်တော်များများလည်း စိုးရိမ်စိတ်တွေ ပိုလာကြပါတယ်။ ကျွန်တော်တို့ဟာ ဒီယူအေအီးကို Visit Visa နဲ့လာခဲ့ကြတဲ့သူတွေပါ။ ကိုယ့်နို်င်ငံမှာလည်း လုပ်ငန်းကိုင်ငန်းတွေ ဖြစ်ဖြစ်မြောက်မြောက် တိုးတက်မှုမရှိတော့ သူများနိုင်ငံကိုပဲ အားကိုးပြီးမျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါ။ ဒီကိုရောက်ပြီး အလုပ်အကိုင်တွေကို စုံစမ်းတယ်။ ကိုယ်နဲ့အပ်စပ်မဲ့ ကိုယ့်ပညာနဲ့ ကိုက်ညီမှုရှိတဲ့ အလုပ်တွေကို ရှာဖွေကြပါတယ်။ ဒီလိုနဲ့ ရက် (30) မပြည့်ခင်မှာ ကျွန်တော်တို့ ကိုယ်စီကိုယ်စီ အလုပ်ရခဲ့ကြပါတယ်။ ကိုယ့်ရဲ့ကျွမ်းကျင်မှုအလို်က် အမြင့်မားဆုံးလစာကို ရရှိကြပါတယ်။ အလုပ်ကိုလည်း အချိန်အကန့်အသတ်နဲ့ပဲ လုပ်ကိုင်ကြရပါတယ်။ ကျွန်တော်ဟာ ဒီနိုင်ငံကိုမရောက်ခင်တုန်းက နိုင်ငံ (6) နိုင်ငံလောက်ကို တခြားအလုပ်ကိစ္စနဲ့ သွားလာဖူးပါတယ်။ […]