kaiJanuary 15, 201110min17013
တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာအသင်းဥက္ကဌ ဒေါက်တာဇော်ထွန်းမိတ်ဆက်ပေးသဖြင့် ဟောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ တီဗီအစီအစဉ်တင်ဆက်သူ Adrian Zaw (ကြည်မောင်ဇော်)နှင့်လော့စ်အိန်းဂျလိစ်မြို့ မွန်ထရီပတ်ခ်မြို့နယ်ရှိ အောင်ဇေခန်းမတွင်၂၀၁ဝဒီဇင်ဘာလ၆ရက်၌ တွေ့ဆုံစကားပြောခဲ့ပါသည်။ ၁၉၈၉ခုနှစ်၊ ၅နှစ်သားအရွယ်တွင ်မိဘနှင့်အတူ အမေရိကနိုင်ငံသို့ ပြောင်းရွှေ့ရောက်ရှိ လာသည့် Adrian Zaw သည် လက်တွေ့’ အမေရိကန်အိပ်မက်’၌ကြုံတွေ့ရသော အခက်အခဲပေါင်းများစွာကို မိသားစုနှင့်အတူ ရုန်းကန်ကြိုးစားခဲ့ရပြီး စီးပွားရေးအခြေအနေအရအိမ် ပေါင်းများစွာ ကျောင်းပေါင်းများစွာ ပြောင်းရွှေ့ကာကျောင်းတက်ခဲ့ရသူတဦးဖြစ်သည့်အလျှောက် ငယ်စဉ်ကပင်နေရာဒေသပေါင်းများစွာ၊  သူငယ်ချင်းပေါင်းများစွာနှင့်ပြောင်းလဲ ဆက်ဆံခဲ့ရသည်။ ထိုအကျိုးကျေးဇူးကြောင့်ပင် လူအများနှင့်ဆက်ဆံမှုတွင်အောင်မြင်သူတဦးဖြစ်လာခဲ့သည်။ ထိုစဉ်အချိန်ကကွန်မြူနတီတွင ်မြန်မာလူမျိုးမများသဖြင ့်မြန်မာသူငယ်ချင်းမရှိပဲ အိမ်တွင်တီဗီကြည့်ရင်း၊ရုပ်ရှင်ဇာတ်ကားများကြည့်ရင်း ငါးပိသံထွက်အင်္ဂလိပ်စကားပြောအဆင့်မှ အဆင့်မှီမေရိကန်သံထွက် အင်္ဂလိပ်စကားအဆင့်ရောက်အောင်ကြိုးစားနိုင်ခဲ့သည်။ ၁၉၉ရခုနှစ်၊အသက်၁၃နှစ်အရွယ်တွင် သူတက်နေသောကျောင်းသို့ Career Day အတွက် လုပ်ငန်းဘာသာရပ်ပေါင်းစုံမှ ပရော်ဖက်ရှင်နယ်များလာရောက်ဟောပြောကြရာ ရုပ်ရှင်လုပ်ငန်းအတွက် ဟောပြောသူအမျိုးသမီးကရုပ်ရှင်သရုပ်ဆောင်တဦးအနေဖြင့်ပျော် ရွှင်စရာကောင်းပုံ၊ ကစားနည်းပေါင်းများစွာကို ကစားရပုံ၊ရုပ်ရှင်ရိုက်ကွင်းတွင် အစားအစာများကိုကြိုက်သည့်အချိန်တွင်အခမဲ့စားသုံးရပုံများကို ဟောပြောသွားသည်ကိုကြားရပြီးနောက […]