Kaung Myat HtutApril 12, 20121min15810
ကျွန်မနာမည် ဂွက်ထော်ပါ။ အခုခေတ်မှာ English နာမည်တွေပေးလာတာကြောင့် Jasmine ဂွက်ထော် ဖြစ်ခဲ့ရပါတယ်။ English ပိုပီသသွားအောင်ဆိုပြီး အဖေရဲ့နာမည်ကို Middle name အဖြစ်ယူခဲ့တာကနေ Jasmine Winston ဂွက်ထော် ဖြစ်လာရပါတယ်။ Winston ဆိုလို့ ဟိုဘက်ကမ်းက Eliza Winston တို့နဲ့ ဘာမှမတော်ဘူးနော်။ အဖေ့နာမည်က ဝင်းစိန်။ သူ့သူငယ်ချင်းတွေက ဝင်းစတိန်၊ ဝင်းစတိန် ဆိုပြီး စ ကြတာကနေ Winston ဆိုပြီးဖြစ်လာရတာ။ ဒါပေမယ့်ကျွန်မဒီနာမည်ကို သိပ်မကြိုက်ပါဘူး။ ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကို နာမည်အသစ်တစ်ခုပေးခဲ့ပါတယ်။ တစ်ချို့တွေများ Snow White တဲ့။ နှင်းဆီတဲ့။ မကြိုက်ပါဘူး။ ရှိပြီးသားနာမည်တွေပါ။ ရှားရှားပါးပါးလည်းဖြစ်ရမည်။ လှလည်းလှရမယ်ဆိုပြီး စဉ်းစားလိုက်တာ “ခင်ပန်းချီစောမို့“တဲ့။ လှတယ်မဟုတ်လား? နာမည်ကြီး model Cindy […]


Mie_MieNovember 8, 20102min25219
ရွှေမြန်မာဥယျာဉ် မှ သူငယ်ချင်း သီဟ တင်ပေးထားတာလေးတွေပါ။ ပထမဆုံးအနေနဲ့ Post စမ်းတင်ရင်းနဲ့ တခြားသူငယ်ချင်းတွေလဲပျော်ရအောင်ထပ်တင်ပေးလိုက်တာပါ။ စမ်းသပ်ခံချင်လို့ပါရှင်ရယ်.. ကြောက်တတ်ပါတယ်ဆိုနေ. လှလိုက်တဲ့အပြုံး ၂၀၁ဝကော်ပီဒီဇိုင်းအသစ် ကိုယ့်အဖြစ်ကဆိုးလှတယ်ကွယ်.. ဘောလုံးပွဲတစ်ခုမှ ဒိုင်ရဲ့ အဝါကဒ်ပြပုံဆန်း ပြချင်ဦးဟဲ့ အကွက် အတွင်းအားဒါဏ် ကလေးလဲမခံ


panpanOctober 14, 20101min1021
*(၁) ဒုက္ခပေးတဲ့အကောင် * ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။ အိမ်သာသန့်ရှင်းရေးလုပ်သားနေရာ သာ လစ်လပ်နေသည်ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။ လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင် ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။ လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။ ဝန်ကြီးရုံးသို့ ဝန်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ လူငယ်က ဝန်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။ အိမ်သာခန်းထဲသို့ ဝန်ကြီးဝင်သွားသောအခါ ကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။ မြန်မာပြည်သိန်းတန်၏ “ ရိုင်းတဲ့စင်ယော်´´သီချင်းသံ ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။ မကြာမီ အိမ်သာခန်းထဲမှ စောစောကဝန်ကြီးထွက်လာသည်။ “မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပလား´´ “ဒီနေ့ ပထမနေ့ပါခင်ဗျ´´ “အေး မင်းကိုရာထူးတိုးပေးရမယ်´´ မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊ အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ် တွံတေးသိန်းတံ၏ “အသီးတစ်ရာ အညှာတစ်ခု´´ […]


smytu1996October 6, 20101min22513
တစ်ခါတုံးက ပညာရေးဌာန စစ်ရေးအရာရှိတစ်ယောက်ဟာ နယ်မြို့လေးတစ်မြို့ကစာသင်ကျောင်းတစ်ကျောင်းကိုစစ်ဆေးရင်း ကျောင်းသားလေးတစ်ယောက်ကိုမေးလိုက်ပါတယ်။ ”နတ်ရှင်နောင်ကို ဘယ်သူသတ်သလဲကွ” ကျောင်းသားလေးဟာတော်တော်လေးကြောက်ရွံ့သွားပါတယ်။ အသံတွေတုန်ပြီး………. ”ကျ ကျနော်မသတ်ဘူး” တဲ့ ပညာရေးအရာရှိဟာ ကလေးရဲ့ပညာရေး အခြေအနေကို တော်တော်လေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင်ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင်ဆရာမလည်း ကမန်းကတန်းနဲ့ကျောင်းသားလေးအတွက်စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီးပြောလိုက်တာက- ”ဒီကျောင်းသားလေးဟာအတန်းထဲမှာ သိပ်အေးပါတယ်ဆရာ ကျောင်းသားတွေအချင်းချင်းတောင် ရန်ဖြစ်တာမရှိပါဘူး။ သူသတ်တာတော့ မဖြစ်နိုင်ဘူးထင်ပါတယ်ရှင်” တဲ့။ စစ်ဆေးရေးအရာရှိလဲ ဘာမှမပြောဘဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွားပါတယ်။ နောက်တော့ဖြစ်ကြောင်းကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာတင်လိုက်သတဲ့။ ဒီလိုနဲ့ မကြာခင်မှာ ဝန်ကြီးဌာနက အခုလိုစာပြန်လာပါတော့တယ်။ ”နတ်ရှင်နောင်သေတာလဲကြာပါပြီ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ မလုပ်ပါနဲ့တော့” တဲ့။


smytu1996September 23, 20101min682
မိန်းမချင်းတော့ မတူပါလေ။ မိတ်ဆွေများဖြစ်ကြသည့် ခြင်္သေ့နှင့် နွားသိုးကြီးတို့ ထိုင်ပြီး စားသောက်နေကြသည်။ နှစ်ကောင်စလုံး အားကြီးသူတွေ၊ အားလုံးက လေးစားခြင်း ခံရသူတွေ။ စားသောက်ရင်း မိုဘိုင်းလ်ဖုန်းလာသဖြင့် ဖုန်းကို ခြင်္သေ့ ကောက်ကိုင်လိုက်သည်။ တစ်ဖက်က ပြောသူကို ပျော့ပျောင်းသောအသံဖြင့် ဖြေသည်။ ကောင်းပါပြီ၊ အခုပဲလာခဲ့ပါ့မယ် ဟေ့ ဘယ်သူဆက်တာလဲကွ ကိုယ့်မိန်းမပါ မိန်းမများ အရေးလုပ်လို့၊ မင်းနဲ့ငါ မတွေ့ကြတာကြာပြီပဲ၊ အေးအေးဆေးဆး ထိုင်စမ်းပါ။ မင်းယောက်ျားမဟုတ်ဘူးလား၊ ခေါက်ထားလိုက်စမ်းပါ မင်းပြောတာတော့လွယ်တယ်၊ ငါ့မိန်းမ ဘယ်သူလဲသိလား၊ ခြင်္သေ့မကွ၊ နွားမ မဟုတ်ဘူး။ လူကောင်း စိတ်ရောဂါအထူးကုဆရာဝန်ကို လူနာက ပြောသည်။ ဒေါက်တာ၊ ကျွန်တော့်ကို ကူပါဦး၊ ကျွန်တော် လူတစ်ကိုယ် စိတ်သုံးမျိုး ကွဲနေသလားမသိဘူး၊ စဉ်းစားတာက တစ်ခု၊ ပြောတော့တစ်မျိုး၊ လုပ်တော့ […]