DaveJanuary 22, 20101min1172
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် အမေရိကန်အကအဖွဲ့တစ်ဖွဲ့သည် မန ္တလေးမြို့သို့ ဖေဖော်ဝါရီ၅ရက်နေ့ ညနေ ၆နာရီတွင် ကပြဖျော်ဖြေရန် စီစဉ်ထားသည်။အိုဒီစီအကအဖွဲ့သည် အမေရိကန် အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပညာရေးနှင့်ယဉ်ကျေးမှုရေးရာအဖွဲ့၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး မန ္တလေးမြို့ ချမ်းအေးသာစံမြို့ နယ်၊၂၆လမ်းနှင့်၇၁လမ်းထောင့်ရှိ ဂျက်ဖာဆင် စာကြည့်တိုက်ဝင်းထဲတွင် ဒေသခံပရိသတ်ကို အခမဲ့ကပြဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။