ကမ္ဘာကျော် Animation Movie တစ်ခုဖြစ်တဲ့ Epic ဆိုတဲ့ ဇာတ်ကားကို ကြည့်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ဖူးရင် ပုံထဲက ငှက်လေးတွေကိုလည်း မြင်ရုံနဲ့ ဪ … ဆိုပြီး ဖြစ်သွားပါလိမ့်မယ်။ ဟုတ်ကဲ့။ ဒီငှက်လေးတွေဟာ ဆိုရင် ကမ္ဘာ့ အသေးဆုံး ငှက်လေးတွေ ဖြစ်ကြပါတယ်။ အမည်နာမ အားဖြင့်တော့ Bee Hummingbird လို့ ခေါ်ပါတယ်။ ဒီငှက်လေးတွေကို ကျူးဘား နိုင်ငံမှာ တွေ့ရလေ့ ရှိပါတယ်။ သူတို့ဟာ အကောင်သေးသလောက် တောင်ပံလည်း အတော်ခတ်နိုင်တဲ့ အကောင်လေးတွေ ပါပဲ။ တစ်စက္ကန့်အတွင်း တောင်ပံခတ်နှုန်းဟာဆိုရင် အကြိမ် ၈ဝ ခန့် ရှိတယ်လို့ ဆိုပါတယ်။ တောင်ပံ များများခတ်နိုင်သော ပိုပြီး မြန်သွားတာပေါ့။ ဒါကြောင့်ပဲ ပျံသန်းမှု […]