ဒုသနသော ဟူသော စကားကို ဗုဒ္ဓဘာသာတိုင်း ကြားဖူးကြပါလိမ့်မယ်။ အတိတ်ဘဝက ကာမေသုမိစ္ဆာစာရ ကံကို လွန်ကြူးခဲ့တဲ့ သူဌေးသား လေးယောက်ဟာ ငရဲကို ကျခဲ့ရတယ်။ သူတို့ ကျခံနေရတဲ့ ငရဲက လောဟကုမ္ဘီ ကြေးနီအိုး ငရဲဖြစ်ပြီး အဲဒီ ငရဲမှာ ကျခံနေရတဲ့ ငရဲသားတွေဟာ အနှစ်သုံးသောင်းနေမှ ကြေးနီအိုး နှုတ်ခမ်းဝမှာ တစ်ခါပေါ်ပြီး အနှစ်သုံးသောင်းတိုင်အောင် အောက်သို့ နစ်ကြရပါတယ်။ အပေါ်ကို ရောက်လိုက်၊ အောက်ကို ဆင်းလိုက်နဲ့ ငရဲသက် မပြည့်မချင်း ပွက်ပွက်ဆူနေတဲ့ သံရေတွေထဲမှာ ငရဲခံနေရပါတယ်။ ကျွန်တော်တို့ ဂေါတမ ဘုရားရှင် လက်ထက်တော်မှာတော့ ကဿပ ဘုရားရှင်လက်ထက်က ကာမေသုမိစ္ဆာစာရကံကို အလွန်အကြူး ပြုကျင့်ခဲ့လို့ ကြေးနီအိုးငရဲမှာ ကျခံနေရတဲ့ သူဌေးသား လေးယောက်ဟာ ကြေးနီအိုး နှုတ်ခမ်းဝကို ပေါ်ခဲ့ပါတယ်။ […]


BaBa Black ခီညား ……….. ရေးလိုက်ပြီဗျို့ …. ။ ( (၅) မှတ်တော့ ရပြီ။ ဟီဟိ … ) ဇာတ်လမ်းကိုတော့ ဒီလိုစထားပါတယ် …….. ။ +++++++++++++++++++++++++++++++ တစ်နေ့တစ်၌ ရန်ကုန်မြို့ ဆူးလေဘုရားအနီး ဘတ်စ်ကား မှတ်တိုင်တွင် အသက် (၂၅) နှစ် အရွယ်ခန့်ရှိ လူရွယ်တစ်ဦးသည် အပေါစား နှီးဦးထုပ်တစ်လုံးဖြင့် ဘတ်စ်ကား မှတ်တိုင်မှ လူများထံ လိုက်လံ တောင်းရမ်းနေသည်ကို တွေ့ရလေသည်။ ထိုလူရွယ်သည် ယောက်ျားပီသသော ခန္ဓာကိုယ် အချိုးအစား၊ ဒေါင်ကောင်းသော အရပ်အမောင်း တို့ကို ပိုင်ဆိုင်ထားလျက် အဘယ်ကြောင့် ယင်းသို့ တောင်းရမ်းနေရခြင်း ဖြစ်သည်ကို ကျွန်ုပ်အနေဖြင့် တွေးနေမိလေသည်။ များမကြာမီ အချိန်အတွင်း ထိုလူရွယ်၏ အပေါစား […]


ယနေ့ (၄.၁.၂၀၁၂) တွင် ကျရောက်သော လွတ်လပ်ရေးနေ့အား ကျွန်ုပ်၏ လွန်စွာညံ့ဖျင်းလှသော photoshop ပညာဖြင့် အစွမ်းကုန် ခြယ်သကာ ဂုဏ်ပြုပါကြောင်း၊ အဆိုပါ ပုံအား (1024 x 768) ဆိုက်ဖြင့် ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း …….. ။ Anzartone


ရွာထဲမှာ ရွာသူ၊ ရွာသားပေါင်း (၇၂၀၃) ယောက် ရှိပါတယ်။ (မယုံရင် မေးကြည့်။ လက်နှစ်လုံးပဲ ရှိလိမ့်မယ်) အဲဒီထဲကမှ “၂၀၁၁ အတွက် Listing တစ်ခု လုပ်ချင်လို့ပါ” ဆိုပြီး ပြီးဆုံးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ ကိုယ့်အတွက် အမှတ်တရ ဖြစ်စေတာလေးတွေ၊ ထူးခြားခဲ့တာလေးတွေကို ရေးပေးကြဖို့ ဖိတ်ခေါ်ခဲ့ရာမှာ ဒီနေ့ (၃.၁.၂၀၁၂) အထိ ကျွန်တော် အံစာတုံး အပါအဝင် (၂၀) ယောက်သော သူတို့ဟာ သူတို့ရဲ့ ၂၀၁၁ ခုနှစ်အတွက် အမှတ်တရ၊ ထူးခြားခဲ့တာတွေကို ရေးသားပေးခဲ့ကြပါတယ်။ ဒါတွေကို အခု ဒီနေရာမှာ အပိုင်း (၁) အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြ၊ မှတ်ကြ၊ မန့်လိုရာသာ မန့်ကြစေတော့သတည်း ……………. ။ Anzartone […]


2011 ခရစ်သက္ကရာဇ် ကုန်ဆုံးလို့ 2012 ကိုလည်း ရောက်ခဲ့ပြီ။ ဒါဖြင့် နှစ်ဟောင်း 2011 မှာ ဘာတွေများ ပြောစမှတ် ဖြစ်ခဲ့လဲ … ? ဘာတွေများ သမိုင်းဝင် ဖြစ်ခဲ့သလဲ … ? တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ ပြောရရင် အိုစမာဘင်လာဒင် ကို အသေဖမ်းမိခဲ့တာ။ အာရပ်နွေဦး တော်လှန်ရေး ပေါ်ပေါက်ခဲ့တာ။ လစ်ဗျားနိုင်ငံမှာ ကဒါဖီ ကျဆုံးသွားခဲ့တာ။ ကျုပ်တို့ မြန်မာပြည်မှာလည်း ဒီမိုကရေစီ စနစ်ကို စတင် အကောင်အထည်ဖော်ခဲ့တာ။ နည်းပညာ ရပ်ဝန်းထဲမှာတော့ Apple တည်ထောင်သူ စတိဂျော့စ် သေဆုံးသွားခဲ့တာ စသည်ဖြင့် … စသည်ဖြင့်ပေါ့။ 2011 ခုနှစ်အတွင်း ကမ္ဘာကျော်ခဲ့တဲ့၊ သမိုင်းတွင် သမိုင်းဝင်သွားခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို […]


လူတို့၏စိတ်ကို ခြောက်ခြားစေတတ်သော အရာများထဲတွင် ‘ည’ ဟူသော ဝေါဟာရမှာ ပါဝင်လေသည်။ ‘ည’ သည် တိတ်ဆိတ်လေလေ၊ ခြောက်ခြားဖွယ် ကောင်းလေလေပင် ဖြစ်၏။ သန်းခေါင်ကျော် ညဉ့်နက် အများသူငါ အိပ်မောကျနေသော အချိန်တွင် မိမိတစ်ယောက်တည်း အိပ်စက်မရ နိုးကြားနေရသော အဖြစ်ကို ကြုံဖူးသူများမှာ တိတ်ဆိတ်သော ည၏ ခြောက်ခြားဖွယ် ကောင်းပုံကို အလွယ်တကူ လက်ခံနိုင်ပေလိမ့်မည်။ ထိုသို့ မိမိ၏အခန်းတွင်း ညအချိန် တစ်ယောက်တည်း နိုးကြားနေရခြင်းထက် ညအချိန် တောလမ်းခရီးတစ်ခုအား အဖော်မပါဘဲ ဖြတ်သန်းသွားနေရသူ၏ အဖြစ်က ပို၍ပင် တုန်လှုပ်ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည် ဖြစ်၏။ ယခုတင်ပြမည့် အဖြစ်အပျက်မှာ လွန်ခဲ့သော ၁၉၈၈ ခုနှစ်ခန့်က ရေနံချောင်းမြို့နယ် အတွင်းရှိ ရွာတစ်ရွာတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ်လေသည်။ ကျွန်တော်တို့ရွာ၏ […]


ကမ္ဘာကျော် Search Engin ကြီး တစ်ခု ဖြစ်တဲ့ Google ဟာ သူ့ရဲ့ ဝက်ဘ်ဆိုက်ကို အသုံးပြုတဲ့သူတွေ အတွက် တစ်နည်းအားဖြင့် သူ့ရဲ့ Search Box မှာ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ရိုက်ထည့်ပြီး ရှာဖွေနေသူတွေ အတွက် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မယ့် Features တွေကို ဖော်ပြပေးထားပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့က အခုအချိန် အမေရိကန်မှာ ဘယ်အချိန်လောက် ရှိနေပြီလဲ၊ စင်ကာပူမှာ ဘယ်အချိန်လောက် ရှိနေပြီလဲ ဆိုတာကို သိချင်တယ် ဆိုပါစို့။ ဒါဆိုရင် Google မှာ time US, time Singapore စသည်ဖြင့် ရိုက်ထည့်လိုက်တာနဲ့တင် Google က သူ့ရဲ့ Search ရဲ့ ထိပ်ဆုံးမှာ အဲဒီ […]


သတင်း ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Fox News က နိုင်ဝင်ဘာ (၂၀) ရက်နေ့မှာ အဆိုးရွားဆုံး အင်တာနက် password (၂၅) မျိုးကို ဖော်ပြခဲ့ပါတယ်။ အဲဒီ အင်တာနက် password တွေဟာ hacker တွေ အလွယ်တကူ ချိုးဖောက်နိုင်တဲ့အတွက် တကယ်လို့များ မိတ်ဆွေတို့ရဲ့ password တွေဟာ (၂၅) မျိုးထဲ ပါနေခဲ့ရင် အမြန်ဆုံး ပြောင်းကြဖို့ အကြံပြုလိုပါတယ်။ အဆိုးရွားဆုံး အင်တာနက် password (၂၅) မျိုး 1. password 2. 123456 3. 12345678 4. qwerty 5. abc123 6. monkey 7. 1234567 8. letmein 9. trustno1 […]