ကုိ ထြဋ္July 2, 20141min15710
ကြာတော့ ကြာခံပါပြီ… အဲဒီ အဖြစ်အပျက်တခုပေါ့… ဂျာနယ်တခုမှာရေးထားတယ်.. ဘွဲ့ရတွေလဲ ဆိုက်ကားနင်း၊ မဆလာသယ်၊ ရေသန့်ပို့နေရတယ်.. ပညာရေးစနစ်ညံ့တယ်ပေါ့… ကျွန်တော်လက်ခံပါတယ်.. ဒါကို… အရင်က ပညာတတ်အောင်လုပ် သား.. ဒါမှ ပန်ကာအောက်မှာ အလုပ်လုပ်ရမယ်… ဆိုလိုတာက ကြော့ကြော့လေးလုပ် လစာများများရမယ်ပေါ့… ဒါနဲ့ ကျွန်တော် ကြိုးစားပါတယ်.. ဘွဲ့တခုရခဲ့တယ်… ဒါပေမဲ့ ထိုက်သင့်တဲ့ အဓိကကတော့ လိုက်ဖက်တဲ့ အလုပ်တခု မရခဲ့ပါဘူး… ဒါလဲ အကြောင်းမဟုတ်သေးဘူး.. ကိုလိုချင်တဲ့ လိုင်းက အမှတ်မမှီခဲ့ဘူး.. အဲကြောင့် အပြင်ကပဲ သင်တန်းတက်ပီး ဒီလမ်းကြောင်းပေါ်ရောက်ခဲ့တယ်..(အောက်မှာ သင်တန်းတက်တာ ထပ်ရှင်းထားပါတယ်) ဘာကိုဆိုလိုချင်တာလဲလို့ မေးလိမ့်မယ်..  အလုပ်ထဲရောက်တာ ၁ဝ နှစ်ကျော်ပါပြီ…  လောက်ငတယ်… အပိုရှာဖို့ စဉ်းစားနိုင်တယ်… အသက်ကြီးလာရင် ဒဏ်မဖြစ်ဘူး.. မဆိုးဘူးပေါ့.. ဒါဆို သာယာတယ်ပေါ့ […]


အဇဋာJune 22, 20121min1386
“ငါတွေးသည်။ ထို့ကြောင့် ငါရှိသည်” ဆိုတဲ့ အတွေးအခေါ်ကို အတွေးအခေါ်ပညာရှင် ဒေးကားစ် က ပြောခဲ့ဖူးပါတယ်။ အားလုံးလည်း ရင်းနှီးနေခဲ့မယ့် အတွေးအခေါ်တစ်ခုပါ။ အဲဒီအတွေးအခေါ်ကို ကျွန်တော်စကြားဖူးတုန်းက စဉ်းစားကြည့်တယ်။ တွေးကြည့်တယ်ပေါ့။ ဒါပေမယ့် ကျွန်တော် တွေးနေလျှက်နဲ့ ကျွန်တော်ရှိနေတယ်ဆိုတာကို ပြဖို့ လုံလောက်မနေဘူး။ ကျွန်တော်ရှိမနေရင်ကော ကျွန်တော်တွေးမနေနိုင်ဘူးလား။ သူဆိုလိုတာက တွေးပြီးမှ ရှိလာတာလား။ ရှိနေတာကို သက်သေပြဖို့ တွေးတာလား။ ကျွန်တော်ရှိနေတာကို ပြဖို့ ကျွန်တော်တွေးနေဖို့လိုသလား ဆိုတာကိုက ကျွန်တော့်အတွက် ပြဿာနာတစ်ခု ဖြစ်လာပြန်ပါတယ်။ အဲဒါနဲ့ ကျွန်တော် ဆက်တွေးပါတယ်။ (တစ်နည်း) ကျွန်တော်ရှိနေတယ်ဆိုတာကို ပြဖို့ ကျွန်တော်ဆက်တွေးပါတော့တယ်။ ငါ တွေးသည်…ထို့ကြောင့် ငါရှိသည် ဆိုတဲ့ အယူအဆဖြစ်ပေါ်လာပုံက အဲဒီ အတွေးအခေါ်ပညာရှင်ဟာ တစ်ရက် မီးပုံနားမှာထိုင်နေရင်းနဲ့ အတွေးခန်းဝင်နေတယ် တဲ့။ […]