ETMarch 4, 20121min36112
လွင့်ကနဲ.. လွင့်ကနဲ ဖြစ်ဖြစ်သွားသည် ငြိမ့်ညောင်းသည် ပြောပြရန်ခက်သည် တစ်ကိုယ်လုံးပေါ့ပါးနေတာ တော့သိသည်။ ခံစားမှု့ ပြာလွင်တုန်ရီနေသည် ဘယ်လိုကြီးမှန်းလည်းမသိ သေချာတာ တစ်ခုကတော့နေ့စဉ် ရှင်သန်နေရသော ပတ်ဝန်းကျင်မဟုတ်တာတော့ သေချာသည်။ နေရာတိုင်းမှာ နှင်းမြူလို အုံ့ပြဝေရီနေသည် ကြည့်နေရင်းမှပင် လက်ကနဲတစ်ချက်ဖြစ်သွားပြီး အလင်းရောင်တစ်ခုစူးရှရှ ဖြည်းညှင်းစွာတိုးဝင်လာသည်။ “နေဝင်လာပြီ နေဝင်လာပြီ” ကြားလိုက်ရသောအသံကြောင့် တွန့်ကနဲတစ်ချက်ဖြစ်သွားသည်။ ဘယ်နှယ့် နေထွက်“လာ”ပြီတို့ နေဝင်“သွား” ပြီတို့ပဲ ကြားဖူးသည် ခုကျမှ နေဝင်လာပြီတဲ့ နေကြီးကဘယ်ကနေ ဘယ်လိုဝင်လာသည်မသိ။ ဘာပဲဖြစ်ဖြစ် သူ စိတ်ဝင်စားသွားသည်။ ဒါနဲ့ သူ့လွင့်မျောနေသောခန္ဓာကိုယ်ကို သတိလေးနှင့် ထိန်းလိုက်သည် ခန္ဓာကိုယ်က အနည်းငယ်တော့ ငြိမ်သွားသည် ဒါပေမယ့် ပေ့ါပေါးလွန်းနေ၍သတိလေးတော့ထားရသည်။ စူးရှလင်းလက်နေသော အလင်းတန်းက လောကတစ်ခွင်လင်းလက်သွားသည် မှုန်မှိုင်းဝေရီနေသော မြူခိုးတို့ လွင့်ပြယ်သွားသည်။အရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည် ထိုခဏသူ့လိုပင် လေထဲမှာဝဲပျံနေ […]


ETMarch 2, 20121min32722
နေ့စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက် စာရေးသူ ။ ။ အလင်္ကာည မူဝါဒရေးရာသက်ဆိုင်ရာဒေသ ။ ။ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းများရှိ မြို့ရွာများ ခေါင်းစဉ် ။ ။မြန်မာနိုင်ငံရှိ ဘွဲ့ရခေတ်ပညာတတ်လူငယ်များ၏ အလုပ် အကိုင် ရှားပါးမှုနှင့် အလုပ်လက်မဲ့ ဖြစ်နေခြင်း။ မူဝါဒပြဿနာလက္ခဏာများ ။ ။ပြဿနာကို ကျောင်းများရှိ ကျောင်းသူကျောင်းသားများ အတွင်း၊ မိမိနေထိုင်ရာအိမ်တွင်းနှင့် မိမိ၏ ပတ်ဝန်းကျင်တွင် တွေ့ရှိနိုင်ပါသည်။ ဆေး၊ ရေကြောင်းသိပ္ပံ၊ စစ်တက္ကသိုလ်၊ စသောအသက်မွေးဝမ်းကျောင်းတက္ကသိုလ်များတွင် ပညာသင်ကြားနေခြင်းမရှိသော ဝိဇာ ၊ သိပ္ပံ ကျောင်းသားများ၏ စိတ်ထဲတွင် ပညာရေးကို စိတ်ပါဝင်စားစွာ သင်ယူမှုမရှိဘဲ၊ ဘွဲတစ်ခုရဖို့အတွက်သာ ဝတ်ကျေတမ်းကျေ တတ်နေကြောင်း၊ ကျောင်းသားများသည် စာသင်ခန်းထဲတွင် မပျော်ပိုက်ဘဲ […]