BayoteApril 2, 20101min660
ဤတစ်လတွက်တာ သင့်-ဘဝကံကြမ္မာအဖြေရှာ (၂၀၁ဝခုနှစ်၊ ဧပြီလ) ဆြာစန်း (M.A, R.L, Diploma in Traditional Medicine) တနင်္ဂနွေသားသမီးများ ကံကြမ္မာအလှည့်အပြောင်းကာလဖြစ်သဖြင့် ကောင်းကျိုးသုခခံစားခွင့်ရရှိမည်။  ငွေကြေးများစွာဝင်ပြီး စီးပွားဥစ္စာ တိုးတက်မည်။ မမျှော်လင့်ဘဲ ထီဆုကြီးပေါက်တတ်သည်။  မြေအမွေအနှစ်၊ အိုးအိမ်တိုက်ခြံမြေဝင်မည်။ ပျိုရွယ်သူများ အချစ်ရေးစန်းပွင့်နေမည်။  ကိုယ်ဝန်ဆောင်သူများ ကိုယ်ဝန်ပျက်ကျတတ်သည်၊ သတိထားပါ။ ထီထိုးပါက ၁၊ ၅၊ ၆ ဂဏန်းများပါရှိသော ထီလက်မှတ်များကို ရွေးထိုးပါ။ ယတြာ ။ မွေးနေ့တွင် ဘုရား၌ သပြေပန်းကပ်လှူပါ။ တနင်္လာသားသမီးများ ရွှေလက်ဝတ်ရတနာများ ဝင်တတ်သည်။  ဗုဒ္ဓရုပ်ပွားတော်များ လက်ဆောင်ရတတ်သည်။ ရရှိပါက ကုသိုလ်ထူးပြီး ကောင်းကျိုးခံစားရမည်။ ပျိုရွယ်သူများ အချစ်ရေး မကောင်းသေးပါ။  အိမ်ထောင်မပြုသင့်သေးပါ။ မြေအမွေနှင့် ပတ်သတ်၍ အမှုရင်ဆိုင်ရတတ်သည်။  ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမြှင့် […]