thura.ng2September 23, 20101min580
ဒီစာကတော့ ရန်ကုန်ဆေးရုံကြီး အဆောင်(၁၂) ကုတင်နံပါတ်(၁၂) ဆောင်းပါးကို ဖတ်ရပြီးတဲ့နောက် ပြောပြ ချင်တာလေးတွေ ရှင်းပြချင်တာလေးတွေကို မစုမြတ်မိုမှ ဟောက်ဆာဂျင် ရှုထောင့်ကနေ တစ်ဆင့်ရှင်းပြထားတာဖြစ်ပါတယ်။ ဆရာဝန်သည်လူဖြစ်သည်.. အသွေးအသားနှင့်ဖွဲ့စည်းထားပါသည်.. အလုပ်သမားများအနက် အလုပ်ချိန် အများဆုံး အလုပ်သမားသည် ဆရာဝန်ဖြစ်သည်.. duty ချိန်သည် တသမတ်တည်းမရှိပါ.. လူနာအရေးကို လိုက်ရျ်ု ဆေးရုံတွင် အချိန်ပြည့်နေသင့်လျှင်နေရသည်။ထို့ပြင် ဆေးရုံတစ်ရုံတွင် အနိမ့်ဆုံးလစာသာရပြီး တာဝန်အကြီးဆုံးအလုပ်များ(လူ့အသက်နှင့်ဆိုင်သောအလုပ်) ကို အိပ်ချိန်တန် မအိပ် စားချိန်တန်မစားရဘဲ နေ့ရောညပါ ထမ်းဆောင်နေရသည်မှာ အလုပ်သင်ဆရာဝန်များဖြစ်သည်.. အနိမ့်ဆုံးလစာ မည်မျှဆိုသည်ကို သိပါသလား.. သန့်ရှင်းရေးအလုပ်သမားထက်နိမ့်သည်။ တစ်လမှ ၁၁၇၅ ကျပ်သာရပါသည်.. သို့သော် ပညာသင်ယူစဉ်ကာလဖြစ်သည့်အတွက် မည်သူတစ်ဦးကမှ complaint မတက်ပါ.. လူနာများဧ။် လာသမျှ complaint ကိုသာ ဒိုင်ခံရှင်းရသော သူလည်းဖြစ်ပါသည်.. […]