jupitor7September 13, 20111min800
နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြသော တစ်ချို  ့ မြန်မာနိုင်ငံသားများအကြောင်းပါ။ မြန်မာနိုင်ငံမှာရှိစဉ်က တစ်နေ ့လုပ်မှတစ်နေ ့စားဘဝ၊ စားဖို ့တောင်အနိုင်နိုင် ဝတ်ဖို ့ ဆိုရင် မရှိရှိတာဖာထေးပြီးဝတ်ရတယ်။  မိန်းမတွေ ကလေးတွေ ရှိတဲ့သူတွေဆိုရင် ပိုဆိုးတယ်။ ဒီလိုအခက်အခက်အခဲတွေကြောင့် မရှိရှိတာရောင်း၊ အတိုးနဲ ့ေ့ကးယူပြီး နိုင်ငံခြားမှာအလုပ်လာလုပ်ကြရတယ်။ အရင်းအနှီးလာရှာကြတယ်။ လာတုန်းကတော့ရည်မှန်းချက်တွေ တစ်သီတစ်တန်းနဲ ့။ ဟော… အလုပ်လုပ်ပြီးလစာလေးဘာလေးရလာတော့ အရင်ကမမြင်ဘူးတဲ့ပိုက်ဆံပမာဏ၊ မိဘဆွေမျိုး၊မိသားစုနဲ ့ဝေးနေခိုက် လွတ်လပ်မူတွေမြင်လာတော့ သုံးချင်တာသုံး၊ ဝယ်ချင်တာဝယ် ဖြုန်းချင်တိုင်းဖြုန်းနေကြတာပေါ့။ လာတုန်းကရည်မှန်းချက်တွေ ပျောက်မှန်းမသိပျောက်ကုန်တယ်။ အရက်သောက်၊ မိန်းမတွေရှုပ် ၊ လောင်းကစားတွေလုပ်နဲ ့ ဘဝမေ့နေလိုက်တာ။ မိဘဆွေးမျိုးမောင်နှမ၊ မိသားစုနဲ ့ဝေးရတဲ့ အချိန်တွေ၊ အိမ်ပြန်ရက်အတွက် ငွေကြေးကိုရင်မှာပိုက်ဖို့ ရင်းနှီးလိုက်ရမဲ့အချိန်တွေ၊ တစ်နှစ်ပြီးတစ်နှစ်ကြီးပြင်းလာတဲ့ဇရာ အလွန်တန်ဖိုးရှိလှတဲ့ အချိန်တွေကို […]