parparaziApril 1, 20101min16410
ဘီယာသည်ပထမဆုံးအရက်ပါသော အဖျော်ယမကာတစ်မျိုးဖြစ်ပြီး၊ ပထမဆုံးဘီယာမည်သူစ တင် သောက်ခဲ့သည်ကိုမူ မသိရှိပေ။ သမိုင်းပညာရှင်များက လူသားများသည် ဘီယာနှင့်တခြားယမကာ များကို နှစ်ခြိုက်ခဲ့ကြကြောင်းကောက်ချက်ချခဲ့ကြသည်။ ဂျုံ၊ စပါးစသည့်  နှံစားပင်နှင့်  ရေကိုအသုံးပြု၍ ပေါင်မုန့်မထုတ်လုပ်နိုင်ခင် ပထမဆုံးဘီယာကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်မှုနည်းစနစ်   အမျိုးမျိုးပေါ် ထွက် လာပြီးနောက် အသုံးပြုသည့် နှံစားပင်လည်းကွာခြားခဲ့သည်။ ဘီယာ ထုတ်လုပ်ရာတွင် အာဖရိက လူမျိုးများက လူး၊ ဆပ်၊ နှံစားပြောင်း၊ ပီလောပီနံ ကို အသုံးပြုကြသည်။ တရုတ် လူမျိုးများကမူ ဂျုံကိုအ သုံးပြုကာ ဂျပန်လူမျိုးများကဆန်ကိုအသုံးပြုကြသည်။ အီဂျစ်လူမျိုးများက ဘာလီစေ့ကိုအသုံးပြုကြပြီး၊ ယနေ့ခေတ်ဘီယာထုတ်လုပ်ရာတွင်အဓိက အသုံးပြုသောဗျစ်ပန်း(Hop)  များ ကိုမူ အေဒီ ၁,၀၀ဝ တိုင် အောင်အသုံးမပြုပေ။ ယနေ့ခေတ်ဘီယာချက်လုပ်ရာတွင် ခေတ်မီနည်းစနစ်များ ဖြင့်ချက်လုပ်ကာအလို အလျောက် ပုလင်းထဲထည့်ခြင်း၊  ပိုးသတ်ခြင်းများကို  ဆောင်ရွက်သည်။ […]