အဇဋာJune 10, 20121min39721
အကယ်၍လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည်ရောက်သွားရင် ဘယ်လောက်လုပ်ပေးနိုင်မလဲ? ဖွဲ့စည်းပုံပြင်မယ်ကိစ္စ ဘယ်အတိုင်းအတာထိ အချိန်ယူမှာလဲ? ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်ပမီဒီယာမှာတစ်ခုမှာ ဖြေကြားထားချက်အရ အစိုးရအဖွဲ့ဝင်တစ်နေရာရာကို ရရှိခဲ့ရင်ကော လုပ်ပိုင်ခွင့်က ဘယ်အတိုင်းအတာထိရှိမှာလဲ? ၈၈ ကျောင်းသားတွေကိုကော  ပြည်သူတွေ ဘယ်လောက်ယုံကြည်လို့ရမလဲ? ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ထဲရောက်သွားရင်…ပါတီမထောင်ဘူး၊ Power Politic မလုပ်ဘူးလို့ကြွေးကြော်ထားတဲ့ ၈၈ ကျောင်းသားတွေက လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ Institutionalization ကို ပီပြင်အောင်လုပ်နိုင်မှာလား? ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်သွားရင်ပြည်သူတွေက သူလုပ်ခဲ့တဲ့ လွှတ်တော်ပြင်ပက နိုင်ငံရေးလိုမျိုး အပြည့်အဝထောက်ခံဖို့ ဖြစ်နိုင်မလား? အထက်ပါ အကြောင်းအရာတွေဟာ ကြားဖြတ်ရွေးကောက်ပွဲ မစခင်(Sunday, 25 March 2012 at 15:00 )က မြန်မာနိုင်ငံနဲ့ အတိုက်အခံအင်အားစုဘက်ကို ကျွန်တော့်ကိုယ်ပိုင်အမြင်နဲ့ သုံးသပ်ကြည့်ခဲ့တဲ့မေးခွန်းတွေ ဖြစ်ပါတယ်။ ခု ဒီမေးခွန်းတွေကို ဖြေဖို့ အချိန်စောသေးသလား၊ လွန်နေပြီလားဆိုရင်တော့ […]