Rooster.jpg

ပန်းနုApril 4, 20111min14112
လူတိုင်းလူတိုင်း ကိုယ့်မွေးနေ့ကို သာမာန်နေ့ထက် ထူးခြားပြီးဖြတ်ကျော်ချင်ကြမယ်ထင်ပါတယ်။ အိပ်မက်လည်း မွေးနေ့ပွဲကျင်းပချင်တဲ့ရောဂါက မှတ်မှတ်ရရ ၃ တန်းနှစ်လောက်မှာ စဖြစ်ခဲ့ပါတယ်။ မွေးနေ့လုပ်ချင်လို့ အိမ်ကို ပူစာပါတယ်။ နောက်ဆုံ မေမေက အိမ်နီးနားချင်းတွေကို ကြာဆံဟင်းခါး(ရန်ကုန်အခေါ် – ကြာဆံချက်) ချက်ကျွေးမယ်ဆိုတော့ သူငယ်ချင်းတွေကိုလိုက်ဖိတ်ရတာ မောတောင်မောတယ်။ ဖိတ်ရင်းနဲ့ တခါတည်းမှာလိုက်တယ် မွေးနေ့လက်ဆောင်ယူခဲ့ပါလို့ 🙂 အဲလိုနဲ့ မွေးနေ့လည်းရောက်ရော သူငယ်ချင်းတွေ မွေးနေ့လက်ဆောင်လေးတွေကိုင်ပြီး လာကြတာပေါ့။ အဲဒီထဲမှာ သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့လက်ဆောင်က ထူးခြားနေတယ်။ ကြက်ဖြူဖြူလေးတစ်ကောင် လက်ဆောင်ပေးပါတယ်။ သူ့မိဘတွေက ကြက်ခြံရှိတော့ သူလဲ ခြံထဲက ကြက် ယူလာတယ်ထင်ပါတယ်။ ကြက်ကလေးက ကြက်တောင်ပြန်လေးပါ။ အတောင်တွေအကုန်ကော့နေတာလေ။ သူပြောတာတော့ အဲဒါ အိမ်သစ်မှာ မွေးရင် စီးပွားတက်တယ်ဆိုပါတယ်။ သူ့ကြက်ခြံမှာ ဒါမျိုးမွေးတာရှားပါတယ်တဲ့။ အထူးအဆန်းလဲဖြစ် တစ်ခါမှလည်း မမွေးဖူးတဲ့ကြက်ကို […]